နယူးဒေလီမြို့တော်တွင် ကျောင်းဆရာမတစ်ဦးအား ဓားဖြင့် ထိုးသတ်ခံရ

နယူးဒေလီမြို့တော်တွင် ကျောင်းဆရာမတစ်ဦးအား ဓားဖြင့် ထိုးသတ်ခံရ

နယူးဒေလီ၊ စက်တင်ဘာ ၂၁ ။          ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှ လူစည်ကားရာလမ်းတစ်ခုတွင် ဆရာမတစ်ဦးအား လူတစ်ဦးက ဓားနဲ့ အချက်ပေါင်း ၂၀ ကျော်ထက်မနည်း ထိုးသတ်ခဲ့သဖြင့် အဆိုပါ ဆရာမ သေဆုံးသွားခဲ့သည်။

အသက် ၂၂ နှစ်အရွယ် ကျောင်းဆရာမဖြစ်သူ ကာရူနာအား လူတစ်ဦးက ဆိုင်ကယ်ပေါ်မှ ဆင်းလာကာ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့သည့် စီစီတီဗီမှတ်တမ်း ထွက်ပေါ်ခဲ့ရာ အဆိုပါဖြစ်ရပ်အား လမ်းသွားလမ်းလာများက ဝင်ရောက်မတားဆီးခဲ့သဖြင့် မြို့တော်အတွင်း နေထိုင်သူများအကြား မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

လမ်းပေါ် လူသွားလူလာ မပြတ် ရှိသည့်အချိန်မှာတွင် ကာရူနာအား ဓားဖြင့်အကြိမ်ကြိမ်ထိုးပြီး ခေါင်းကို ကျောက်ခဲနဲ့ထု ကန်ကျောက်သွားခဲ့သဖြင့် အဆိုပါ အမျိုးသမီး သေဆုံးခဲ့ခြင်းဖြစ်သည်။  

နောက်ဆုံး တိုက်ခိုက်သူ ထွက်ပြေးဖို့ လုပ်တော့မှ လူတွေက ဝိုင်းဖမ်းကြတာဖြစ်ပါတယ်။ ရဲဌာနက သူတို့ကိုလည်း လူသတ်မှု သံသယနဲ့ စစ်ဆေးနေကြောင်း ပြောပါတယ်။

 ဒီလို ဆရာမကို ဓားနဲ့ထိုး တိုက်ခိုက်နေချိန်မှာ လူတစ်ဦးက တိုက်ခိုက်သူနား ချဉ်းကပ်ဖို့လုပ်တာ စီစီတီဗီမှာ တွေ့ရပါတယ်။ ဒါပေမယ့် တိုက်ခိုက်နေသူက ခြိမ်းခြောက်လိုက်တော့ ယင်းလူလည်း ဖြစ်ပွားနေရာ နေရာ ထွက်ခွာသွားပါတယ်။ လမ်းပေါ် လူတော်တော်များများ ရှိနေပြီး အဖြစ်အပျက်ကို ဝိုင်းကြည့်နေကြပေမယ့် ဝင်ရောက်ကူညီခဲ့ကြခြင်း မရှိပါဘူး။“နံနက် ကိုးနာရီလောက်မှာ ဖြစ်တာပါ။ ကျောင်းဆရာမက ဆွေမျိုးတစ်ဦးနဲ့ အတူသွားနေချိန်မှာ ဖြစ်တာပါ။ တစ်ချိန်က သူတို့က အိမ်နီးချင်းဖြစ်ခဲ့ပြီး အဲဒီ ဓားနဲ့ထိုးတဲ့သူက ကျောင်းဆရာမအပေါ် သဘောကျခဲ့ပုံရတယ်။ နောက်ပိုင်း အဲဒီသူ အိမ်ထောင်ကျသွားတော့ ကျောင်းဆရာမက လုံးလုံးအရေးမပေးပဲ နေခဲ့တာပါ”ဟု အကြီးတန်းရဲအရာရှိ အီရှာပန်ဒေးက ဘီဘီစီကို ပြောသည်။

သေဆုံးသူကျောင်းဆရာမရဲ့ အစ်ကိုဖြစ်သူက တိုက်ခိုက်သူသည် ယခင်ကလည်း သူ့ညီမအပေါ် ကိုယ်ထိလက်ရောက် ကျုးလွန်ဖူးသဖြင့် သူတို့ မိသားစုက ရဲတိုင်ခဲ့ဖူးကြောင်း ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags