ရွှေ့ပြောင်းသူများ အရေးလှုပ်ရှားသူ အန်ဒီဟောအား ထိုင်းက တရားစွဲထောင်ချ

ရွှေ့ပြောင်းသူများ အရေးလှုပ်ရှားသူ အန်ဒီဟောအား ထိုင်းက တရားစွဲထောင်ချ

ဘန်ကောက်၊ စက်တင်ဘာ ၂၁ ။           ။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းသူများအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဗြိတိန်နိုင်ငံသား အန်ဒီဟောသည် အသရေဖျက်မှုနှင့် ကွန်ပြူတာရာဇဝတ်မှုများတွင် အပြစ်ရှိကြောင်း တွေ့ရှိသည်။

ယင်းအပြစ်များအတွက် ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ် ထိုင်းဘတ်ငွေ တစ်သိန်းခွဲ(အမေရိကန်ဒေါ်လာ ၄၃၀၀) ချမှတ်သည်။

၂၀၁၃ ခုနှစ်က Natural Fruit Company သည် အလုပ်သမားများအပေါ် မဖွယ်မရာကျုးလွန်နေသည်ဟု ဖင်လန်နိုင်ငံက စောင့်ကြည့်ရေးအဖွဲ့ Finnwatch က စွပ်စွဲမှုတွင် ဟောကလည်း ပါဝင်ကူညီခဲ့ခြင်းဖြစ်သည်။

ဟောအပေါ် ပြစ်ဒဏ်ချမှတ်ခြင်းကြောင့် တုန်လှုပ်ခြောက်ခြားစရာကောင်းကြောင်း Finnwatch က ပြောသည်။

“အန်ဒီဟောက ရွှေ့ပြောင်းလှုပ်ရှားသူများအခွင့်အရေးအတွက် လှုံ့ဆော်ပြောဆိုပေးနေတာကြောင့် ကြားကဓားစာခံအနေနဲ့ ပြစ်ဒဏ်ခံလိုက်ရတာပဲဖြစ်တယ်။”ဟု ယင်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆွန်ဂျာဗာတီယာလာက ပြောသည်။

“ထိုင်းနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဝမ်းနည်းစရာနေ့တစ်နေ့ပါပဲ။ ဒီလို အန်ဒီဟောကို ထောင်ချလိုက်တာကြောင့် လူ့အခွင့်အရေးလှုပ်ရှားတွေ၊ ကုမ္ပဏီတွေရဲ့ အလွဲသုံးစားလုပ်ခံနေရသူတွေ အသံမထွက်ရဲအောင် ဖြစ်လာမှာ စိုးရိမ်မိတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly