မော်ရိုကိုအမျိုးသမီးများ စကပ် လွတ်လွတ်လပ်လပ် ဝတ်ဆင်ခွင့်ရ

မော်ရိုကိုအမျိုးသမီးများ စကပ် လွတ်လွတ်လပ်လပ် ဝတ်ဆင်ခွင့်ရ

မော်ရိုကိုနိုင်ငံတွင် စကပ်ဝတ်ဆင်ခြင်းကြောင့် ဖမ်းဆီးကာ လူအများအား အဂါရဝဖြစ်စေသည်ဟု ဆိုကာ တရားစွဲဆိုစစ်ဆေးခြင်း ခံရသည့် အမျိုးသမီးနှစ်ဦးကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လျက် ပြန်လွှတ်ပေးလိုက်သည်။

ဇွန်လ ၁၆ ရက်နေ့က စကပ်ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးကို အင်နီဂျင်းမြို့ ဈေးအတွင်း ဈေးသည်များက ကဲ့ရဲ့ပြောဆိုရာမှ ဖမ်းဆီးကာ တရားရုံးတင်စွဲဆိုခံရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးနှစ်ဦး၏ အမှုက နိုင်ငံအနှံ့ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး  ယင်းဖမ်းဆီးမှုက တကိုယ်ရည်လွတ်လပ်ခွင့်ကို ချိုးနှိမ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အင်တာနက်ပေါ်ကတစ်ဆင့် လှုံ့ဆော်မှုများပြုလုပ်ကာ ကန့်ကွက်သည့် လက်မှတ်ပေါင်း ထောင်ပေါင်းများစွာကို ကောက်ခံရရှိခဲ့သည်။

တရာရုံးတွင်လည်း ယင်းအမျိုးသမီးများဖက်က အကျိုးဆောင်ပေးလိုသူ ရှေ့နေရာပေါင်းများစွာ အမှုလိုက်ခွင့်တောင်းခဲ့ကြသည်။

တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးလိုက်တာက စကပ်ဝတ်ဆင်ခြင်းက ရာဇဝတ်မှု မဟုတ်ဘူးဆိုသည်ကို ပြသလိုက်ခြင်း ပင်ဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဖော်ဇီယက အေအက်ဖ်ပီသတင်းသို့ ပြောခဲ့သည်။

မော်ရိုကိုအမျိုးသမီးရှေ့နေအဖွဲ့ ဟူစီနီဘတ်ကာစဘိုင်းက နောက်ထပ်လုပ်ဆောင်ရန်ရှိသည်က ဈေးအတွင်းမှာတုန်းက အဆိုပါ အမျိုးသမီးနှစ်ဦးကို ထိခိုက်အရှက်ရအောင် လုပ်ဆောင်ခဲ့သူများကို တရားစွဲဆိုသွားရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly