Miss Universe Myanmar အဖွဲ့ ပူတာအိုသို့ ပရဟိတခရီးစဉ်အဖြစ် သွားရောက်

Miss Universe Myanmar အဖွဲ့ ပူတာအိုသို့ ပရဟိတခရီးစဉ်အဖြစ် သွားရောက်
(ဓာတ်ပုံ - Htoo Foundation)

မြန်မာမယ်စကြာဝဋ္ဌာ (Miss Universe Myanmar) အဖွဲ့ဟာ စက်တင်ဘာ (၁၈)ရက်က ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံးစွတ်ရပ်ကွက်မှာရှိတဲ့ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ (၄)ရက်ကြာ ပရဟိတခရီးစဉ်အား ထူးဖောင်ဒေးရှင်းမှ စပွန်ဆာ ပေးအပ်ကူညီပေးခဲ့ပြီး ဝေဠုကျော် ဖောင်ဒေးရှင်းမှလည်း ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါတယ်။

ကချင်စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု (၅၀) ရှိပြီး ပူတာအိုဇုန်နယ် နှစ်ခြင်းအသင်းတော်များအဖွဲ့မှ စောင့်ရှောက်ပေးနေကြောင်း သိရှိရပါတယ်။ ထူးဖောင်ဒေးရှင်းက ပူတာအိုဇုန်နယ် နှစ်ခြင်းအသင်းတော်များအဖွဲ့အား အလှူငွေ ကျပ် (၁၀) သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

မြန်မာမယ်စကြာဝဋ္ဌာအဖွဲ့မှလည်း ဒုက္ခသည်စခန်းသို့ ဆန်အိတ် (၆၀)နှင့် ငါးခြောက်အိတ်(၆၀)လှူဒါန်းခဲ့ပြီး ဝေဠုကျော်ဖောင်ဒေးရှင်းမှလည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သလို ပျော်ရွှင်စွာ သီချင်းများနဲ့လည်း သီဆိုကပြခဲ့ကြပါတယ်။

Ref; Htoo Foundation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly