ကချင်ပြည်သူများ မြစ်ဆုံု စီမံကိန်း တည်ဆောက်မှုကုုိ လက်မခံကြောင်း ကော်မရှင်သုုိ့ တင်ပြခဲ့

ကချင်ပြည်သူများ မြစ်ဆုံု စီမံကိန်း တည်ဆောက်မှုကုုိ လက်မခံကြောင်း ကော်မရှင်သုုိ့ တင်ပြခဲ့

ချင်းမိုင်၊ စက်တင်ဘာ ၁၉ ။          ။  မြစ်ဆုံ စီမံကိန်း တည်ဆောက်မှုကို လက်မခံကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်သော ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်၊ သုံးသပ်ရေး ကော်မရှင်အဖွဲ့နှင့် လူထုတွေ့ဆုံပွဲတွင် တင်ပြခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်က မြစ်ဆုံကော်မရှင်နှင့် တွေ့ဆုံပွဲတွင် ကချင်ပြည်သူလူထုကိုယ်စားလှယ် ၁၅ ဦး အ စီရင်ခံစာ တင်ပြခဲ့ရာမှ ၁၄ ဦးက မြစ်ဆုံ စီမံကိန်း မလုပ်သင့်ကြောင်း တင်ပြခဲ့ပြီး လီဆူစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကိုယ်စားလှယ် တစ်ဦးသာ ကန့်ကွက်မှုမရှိဘဲ လက်ခံခဲ့သည်ဟု သိရသည်။

“ ကချင် ကိုယ်စားလှယ် ၁၅ ဦးက တင်ပြခဲ့တယ်။ မြစ်ဆုံစီမံကိန်း မလုပ်ဖို့ ၁၄ ယောက် တင်ပြတယ်။ လီဆူ ယဉ်ကျေးမှုက စကေးဆိုတဲ့လူကြီးက အကောင်းဆုံးနဲ့ တည်ဆောက်မယ်ဆိုရင်တော့ လက်ခံတယ်။ မတင်ပြ နိုင်တဲ့ လူတွေကလည်း ကော်မရှင်ကို စာတွေ ပေးလိုက်တယ်” ဟု အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် အမှတ်  (၂) ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က ပြောသည်။

မြစ်ကြီးနားမြို့ရှိ မြို့တော် ခန်းမတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဆင့် ဌာဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ ဖများ နှင့် မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရသော ဒေသခံများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် မြစ်ဆုံကော်မရှင်ဘက်မှ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ အစီရင်ခံစာများကိုသာ ယူသွား ခဲ့ကြောင်းနှင့် အစည်းအဝေးသို့  ဒေသခံ ၆၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ (KDNG) ကလည်း တွေ့ဆုံပွဲတွင် ၎င်းတို့၏ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်းရှိ ရေအားလျှပ်စစ် အပါအဝင် သဘောဝ သယံဇာ တ အရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို ၁၃ နှစ်ကြာ လေ့လာစောင့်ကြည့်ခဲ့မှုကို တင်ပြခဲ့သည်။

ယင်းအစီရင်ခံစာတွင်လည်း ဧရာဝတီ မြစ်ဆုံဒေသသည် ကချင်လူမျိုးများ၏ တန်ဖိုးမဖြစ်နိုင်သော သမိုင်းဝင် ဒေသဖြစ်ပြီး တစ်နိုင်ငံလုံး၏ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ဆိုင်ရာ ရတနာတခုဖြစ်၍ မြစ်ဆုံ စီမံကိန်း တည်ဆောက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ထည့်သွင်းဖော်ပြထားသည်။

ကော်မရှင် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၅ ရက်မှ ၁၈ ရက်ထိ လေးရက်ကြာ ခရီးစဉ်တွင် ကျခင်ပြည် နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်း၊ မြစ်ဆုံစီမံကိန်းနေရာသို့ သွားရောက်၍ ရွှေ့ပြောင်းခံရသော အောင်မြင်သာ ကျေးရွာနှင့် မလိယန်ကျေးရွာများမှ ရပ်မိရပ်များနှင့် တွေ့ဆုံခြင်း၊ ၊ စီမံကိန်းဆောင်ရွက်ခဲ့သည့် CPIမှ တာ ဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းနေရာသို့လည်း သွားရောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ကော်မရှင်အဖွဲ့ဝင်များက မြစ်ဆုံ စီမံကိန်း ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့်နှင့် စပ်လျှင်း၍ လေ့လာ စိ စစ် သုံးသပ် တင်ပြနိုင်ရန် သွားရောက် စစ်ဆေးခြင်း ဖြစ်ပြီး ၎င်းသို့ လေ့လာ စိစစ်သုံးသပ်မှု ပထမ အစီရင်ခံ စာကို လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြသွားမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly