အကြမ်းဖက် လုပ်ရပ်ဖြစ်သည့် နယူးယောက်တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းက ပေါင်းအိုးမီးဖိုဖြင့် ဗုံးထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်

အကြမ်းဖက် လုပ်ရပ်ဖြစ်သည့် နယူးယောက်တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းက ပေါင်းအိုးမီးဖိုဖြင့် ဗုံးထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်

နယူးယောက်၊ စက်တင်ဘာ ၁၉ ။        ။ နယူးယောက်တွင် စက်တင်ဘာ ၁၇ ရက်က ဖြစ်ပွားသည့် ဗုံးထောင်ဖောက်ခွဲမှု နှစ်ရပ်စလုံးသည် ၂၀၁၃ ခုနစ်က ဘော့စတွန်မာရာသွန်ပြိုင်ပွဲ ဖောက်ခွဲမှုတွင် အသုံးပြုသည့် နည်းလမ်းအတိုင်း ဗုံးဆန်များ ပေါင်းအိုးမီးဖိုအတွင်း ဖြည့်သိပ်ကာ ဖောက်ခွဲမှုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုခဲယမ်းဖြည့် ပေါင်းအိုးဖြင့် ခေါက်ဖုန်းနှင့် ခရစ္စမတ်မီးသီးများကို အသုံးပြုကာ ဖောက်ခွဲရေးပစ္စည်းဖြင့် တီထွင်လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ထိပ်တန်းဥပဒေတာဝန်ရှိသူတစ်ဦးကို ကိုးကားလျက် နယူးယောက်တိုင်းမ်စ်တွင် ဖော်ပြသည်။

မန်ဟတ်တန်ရှိ ချယ်စီးအရပ်တွင် ယင်းပေါင်းအိုးဗုံးဖြင့် ဖောက်ခွဲမှု၌ လူပေါင်း ၂၉ ဦး ဒဏ်ရာရသည်။ ထိုဖောက်ခွဲမှုက အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း ဖောက်ခွဲသည့် ရည်ရွယ်ချက်ကို မသိရကြောင်း တာဝန်ရှိသူများကဆိုသည်။

ချယ်စီးအရပ် ပေါက်ကွဲနှင့် လမ်းလေးလမ်းအကွာတွင်လည်း ပေါင်းအိုးဗုံး ထောင်ထားသည်ကို တွေ့ရှိပြီး ဘေးကင်းစွာ ဖယ်ရှားလိုက်နိုင်သည်။

အဆိုပါ ဗုံးနှစ်လုံးနှင့် ကွဲပြားသည့် လက်လုပ်ပိုက်ပြွန်ဗုံးတစ်လုံးလည်း စက်တင်ဘာ ၁၈ အစောပိုင်းက နယူးဂျာစီတွင် ပေါက်ကွဲမှုဖြစ်ခဲ့သော်လည်း ယင်းပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း နယူးယောက်မြို့တော်ဝန် အင်ဒရူးကော်မိုက ပြောသည်။

တွေ့ရှိသည့် ပေါင်းအိုးဗုံးကို စက်တင်ဘာ ၁၈ ရက်က ရဲဌာနက ထိန်းချုပ်ဖောက်ခွဲကာ ဖျက်စီးပစ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags