ပါကစ္စတန်နယ်စပ်ရှိ အိန္ဒိယ စစ်ဌာနချုပ်အား စစ်သွေးကြွများ တိုက်ခိုက်၍ စစ်သားရှစ်ဦး ကျဆုံး

ပါကစ္စတန်နယ်စပ်ရှိ အိန္ဒိယ စစ်ဌာနချုပ်အား စစ်သွေးကြွများ တိုက်ခိုက်၍ စစ်သားရှစ်ဦး ကျဆုံး

ကက်ရှ်မီးယား၊ စက်တင်ဘာ ၁၈ ။           ။ ပါကစ္စတန်နယ်စပ်ရှိ အိန္ဒိယစစ်ဌာနချုပ်ကို စစ်သွေးကြွများ လာရောက်တိုက်ခိုက်နေ၍ စစ်သား ရှစ်ဦး ကျဆုံးကြောင်း သတင်းရင်းမြစ်များက ပြောသည်။

၂၀၁၄ ခုနှစ်နောက်ပိုင်း ကက်ရှ်မီးယားဒေသအတွင်း အပြင်းထန်ဆုံးသော တိုက်ခိုက်မှု တစ်ရပ်လည်းဖြစ်သည်။

ပါကစ္စတန်နယ်စပ် ထိန်းချုပ်မျဉ်းနားရှိ အူရီအရပ်က စစ်ဌာနချုပ်အတွင်း အသေခံစစ်သွေးကြွ လေးဦးမှ ခြောက်ဦးကြားက လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယ စစ်တပ်သတင်းရင်းမြစ်များအရ သိရသည်။

အာရုဏ်တက်ချိန်တွင် လာရောက်တိုက်ခိုက်ခြင်းဖြစ်၍ ထိပ်တိုက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကာ စစ်ရဟတ်ယာဉ်များဖြင့် တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သားများကို ဘေးလွတ်ရာသယ်ပို့ခဲ့ရကြောင်း ယင်းသတင်းရင်းမြစ်များက ပြောပြီး သေဆုံးသူမြင့်တက်လာနိုင်ကြောင်း ထပ်လောင်းပြောသည်။ စစ်တပ်အနေဖြင့် တရားဝင်ထုတ်ပြန်သေးခြင်း မရှိသေးပေ။

တိုက်ပွဲအခြေအနေကို ဆက်လက်စောင့်ကြည့်ရန် ယင်းဒေသက နိုင်ငံရေးသမားများ၊ စစ်တပ်ခေါင်ေးဆာင်းများနှင့် အကြီးတန်းတာဝန်ရှိသူများကို ပြောထားကြောင်း ပြည်ထဲရေးဝန်ကြီး ရာဂျနက်စ်ဆင်းချ်က တွစ်တာတွင် ရေးသားဖော်ပြသည်။ ၎င်းအနေဖြင့်လည်း ရုရှနှင့် အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်အား ဖျက်လိုက်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags