ဒေါ်စုရောက်နေသည့် နယူးယောက်တွင် ပေါက်ကွဲမှုဖြစ်၊ ဒေါ်စုကို အထူးလုံခြံုရေးဖြင့် စောင့်ရှောက်နေ

ဒေါ်စုရောက်နေသည့် နယူးယောက်တွင် ပေါက်ကွဲမှုဖြစ်၊ ဒေါ်စုကို အထူးလုံခြံုရေးဖြင့် စောင့်ရှောက်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိကာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမယ့်အချိန် စက်တင်ဘာ ၁၇ ရက် နှောင်းပိုင်းက နယူယောက်မြို့တွင် ဗုံပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် US Secret Service က လုံခြုံရေး အထူး တာဝန်ယူထားပြီး စောင့်ရှောက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

"အန္တရာယ် ကင်းရှင်းပါတယ်။ US Secret Service က လုံခြုံရေး အထူး တာဝန်ယူထားပြီး စောင့်ရှောက်နေပါတယ်။" ဟု ၎င်းက ဆိုသည်။ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ချယ်စီးအရပ်တွင် စက်တင်ဘာ ၁၇ ရက်က ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၉ ဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ဒဏ်ရာရသူများမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း မီးသတ်ဌာနက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly