ဖိလစ်ပိုင်စစ်သွေးကြွများက အစ္စလာမ္မစ်နိုင်ငံတော် အာသာပြင်းပြတည်ထောင်လိုနေဟု ဒူတာတေးပြော

ဖိလစ်ပိုင်စစ်သွေးကြွများက အစ္စလာမ္မစ်နိုင်ငံတော် အာသာပြင်းပြတည်ထောင်လိုနေဟု ဒူတာတေးပြော

မနီလာ၊ စက်တင်ဘာ ၁၇ ။               ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်း၏ မွေးရပ်မြို့တွင် ယခုလအတွင်း သွေးထွက်သံယိုသေဆုံးမှုများပြားခဲ့သည့် ဗုံးကွဲမှုကို ကျုးလွန်သည်ဟု စွပ်စွဲထားသော အဘူဆေယက်စ်အစ္စလာမ္မစ်စစ်သွေးကြွများက ကာလိဖိရ် အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်ရန် အာသာငမ်းငမ်း ပြင်းပြလျက်ရှိနေသည့် စစ်သွေးကြွများဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်၌ ပြောသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် လူ ၁၅ ဦးသေဆုံးခဲ့သည့် ဒါဗာအိုမြို့တိုက်ခိုက်ခံရမှုကို လက်စားချေသည့်အနေဖြင့် စစ်သွေးကြွများအား အစိမ်းလိုက် ဝါးစားပစ်မည်ဟု ခြိမ်းခြောက်ထားသူလည်းဖြစ်သည်။

ပဋိပက္ခများ မငြိမ်မသက်ဖြစ်နေရာ ဖိလစ်ပိုင်တောင်ပိုင်းက အဘူဆေယက်စ်အုပ်စုများသည် အိုင်အက်စ်အဖွဲ့ကို သစ္စာခံသည်ဟု ပြောထားသော်လည်း အကဲဖြတ်ဖြစ်သူများက ၎င်းတို့အဖွဲ့က အယူဝါဒထက် ပြန်ပေးဆွဲ ပြန်ပေးငွေ တောင်းခြင်းများဖြင့် ငွေအရပေါ်မှာ ပိုအာရုံရှိနေကြောင်း ပြောသည်။

“ဒီနိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်ဖို့ သူတို့က အာသာငမ်းငမ်းကို ရှိနေကြတာပဲ။”ဟု စစ်တပ်အား ပြောကြားသည့် မိန့်ခွန်းတွင် ဒူတာတေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးကလည်း “သူတို့ကို အိုင်အက်စ်က လှုံ့ဆော်ပေးရုံမဟုတ်ဘူး ထောက်ပံ့ပေးနေတာဖြစ်တယ်။ အိုင်အက်စ်တွေရဲ့ ခြေရာအတိုင်း လိုက်နင်းနေတဲ့ စစ်သွေးကြွတွေပဲ။”ဟု ဆိုသည်။

အဘူဆေယက်စ်အဖွဲ့သည် ကက်သလစ်ဘာသာအများစုဖြစ်သော ဖိလစ်ပိုင်နိုင်ငံက တောင်ပိုင်းဒေသများရှိ မွတ်စလင်ခွဲထွက်ရေးသောင်းကျန်းသူများအုပ်စုမှ အစွန်းရောက် အဖွဲ့ခွဲတစ်ရပ်ဖြစ်သည်။ ၁၉၇၀ ခုနှစ်များစတင်ခဲ့သည့် မွတ်စလင်ခွဲထွက်ရေး ပုန်ကန်မှုများအတွင်း လူပေါင်း ၁၂၀၀၀၀ ကျော် သေကျေပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly