တရုတ်နိုင်ငံက ဒုတိယမြောက် အာကာသစမ်းသပ်စခန်း လွှတ်တင်

တရုတ်နိုင်ငံက ဒုတိယမြောက် အာကာသစမ်းသပ်စခန်း လွှတ်တင်
(ဓာတ်ပုံ - အီးပီအေ)

တရုတ်နိုင်ငံက ဒုတိယမြောက် အာကာသစမ်းသပ်စခန်း Tiangong-2 ကို လွှတ်တင်လိုက်ခြင်းနှင့်အတူ အာကာသဆိုင်ရာပြိုင်ဆိုင်မှုတွင် နောက်ထပ်ခြေလှမ်း တစ်လှမ်း အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပါတယ်။ ဒါက လာမယ့် ၂၀၂၂ ခုနှစ်မှာ အာကာသယာဉ်မှူးများ အခြေစိုက်နေထိုင်သွားမယ့် အမြဲတမ်းအာကာသစခန်း တည်ဆောက်ဖို့ အဓိက အစီအစဉ်လည်းဖြစ်ပါတယ်။

Tiangong-2 ကို မန်ဒရင်းစကားဖြင့် ကောင်းကင်ဘုံနန်းတော်လို့ ဘာသာပြန်ဆိုထားပြီး ၎င်းကို စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် ည ၁၀း၀၄ နာရီမှာ ဘေဂျင်းမှ ကီလိုမီတာ (၁၆၀၀) အကွာ ဂိုဘီသဲကန္တာရရှိ ကျူကွမ်ဂြိုဟ်တုလွှတ်တင်စခန်းမှ အာကာသအတွင်း အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။

"Tiangong-2 လွှတ်တင်ခြင်း မစ်ရှင်ဟာ အလုံးစုံပြည့်စုံ အောင်မြင်မှုပါပဲ"လို့ တရုတ်က ကြေညာခဲ့တာကို CCTV က ရုပ်ပုံနဲ့အတူ တိုက်ရိုက်ပြသခဲ့ပါတယ်။

နောက်လ အောက်တိုဘာလလယ်မှာ တရုတ်အာကာသယာဉ်မှူး နှစ်ဦးက အဆိုပါ အရှည် (၁၅) မီတာ၊ အလေးချိန် (၈.၆) တန် အာကာသစမ်းသပ်စခန်းသို့ သွားရောက်ကာ စမ်းသပ်မှုများ ပြုလုပ်ဖို့ရှိပါတယ်။

တရုတ်နိုင်ငံက Tiangong 2 ထက် သေးငယ်တဲ့ အာသာသစမ်းသပ်စခန်း Tiangong 1 ကို ၂၀၁၁ ခုနှစ်က လွှတ်တင်ခဲ့ပါတယ်။

Tiangong-2 တွင် အိပ်ခန်း၊ ထမင်းစားခန်း တစ်ခန်းစီနှင့် သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကြီးတစ်ခုကို စီထားတဲ့ အပန်းဖြေနေရာများနှင့်အတူ တပ်ဆင်ထားပြီးဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၎င်းရဲ့ အာကာသအစီအစဉ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ အာကာသို့ အာကာသယာဉ်မှူး စေလွှတ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်ဟာ အမေရိကန်နှင့် ရုရှားပြီးနောက် အာကာသအတွင်း လူသားများ စေလွှတ်နိုင်တဲ့ တတိယနိုင်ငံဖြစ်လာခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags