မြစ်ဆုံု စီမံကိန်း လေ့လာသုံုးသပ်ရေး ကော်မရှင်က မြစ်ဆုံုစီမံကိန်း နေရာသိုု့ သွားရောက် ကြည့်ရှု

မြစ်ဆုံု စီမံကိန်း လေ့လာသုံုးသပ်ရေး ကော်မရှင်က မြစ်ဆုံုစီမံကိန်း နေရာသိုု့ သွားရောက် ကြည့်ရှု

ချင်းမိုင်၊ စက်တင်ဘာ ၁၆ ။            ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရောက်ရှိနေသော မြစ်ဆုံ ရေအားလျှပ် စစ်စီမံကိန်းများ လေ့လာစိစစ်၊ သုံးသပ် ရေး ကော်ရှင်အဖွဲ့သည် မြစ်ဆုံစီမံကိန်းနေရာသို့ စက်တင်ဘာလ ၁၆ ရက်က သွားရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော အောင်မြင်သာကျေးရွာ ဒေသခံများနှင့် တွေ့ဆုံခြင်း မရှိခဲ့ကြောင်း အောင်မြင်သာကျေးရွာသားများဖြင့် ဖွဲ့စည်းထားသော စိန်လွမ်(zin lum)အဖွဲ့မှ ဒုဥက္ကဌ ဒေါ်ဂျာခေါန်က ပြော သည်။

“ကော်မရှင်အဖွဲ့က အောင်မြင်သာမှာ ဝင်တယ်။ ဒါပေမဲ့ ရွာသားတွေနဲ့မတွေ့ဘူး။ ကျောင်းမှာ ခဏလေး ဝင်ပြီးတော့ မြစ်ဆုံ စီမံကိန်းလုပ်တဲ့နေရာကို သွားကြည့်ကြတယ်။ ကျမတို့က ကော်မရှင်ဆိုတော့ ကျမတို့ ဒေသခံ တွေ နဲ့ လာတွေ့မယ်လို့ မျော်လင့်တာပေါ့နော်။ ကျမတို့နဲ့ မတွေ့ဖြစ်ဘူး။ ကျမက ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို ဒေသခံကိုယ်စား ၅ မိနစ်လောက်တွေ့ချင်တယ်လို့ ပြောတာ အချိန်မရှိဘူးလို့ ပြောပါတယ်”ဟု သူက မဇ္ဈိ မကို ပြောသည်။

လာမည့် စက်တင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့တွင် အောင်မြင်သာကျေးရွာသား ၁၅၀ ကို မြစ်ကြီးနားမြို့သို့ လာရောက်တွေ့ဆုံရန် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်ဟု သူက ပြောသည်။

မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော ကော်မရှင်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်းနေရာများသို့ သွားရောက်ခဲ့သလို၊ ညနေပိုင်းတွင် မလိယန်ဘက်သို့ သွားရောက် တွေ့ဆုံမည်ဟု သိရကြောင်း ကချင်ပြည် နယ် အစိုးရမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလအောင်က ပြော သည်။

ယင်းကော်မရှင်အဖွဲ့တွင် နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၊ ဦးမောင်မောင်အေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ ပညာရေး ဝန် ကြီး ဒေါက်တာမျုးိသိမ်းကြီး၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်း အပါအဝင် ၁၀ ဦးကျော် သွားရောက်နေ သည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်က အဆိုပါ ကော်မရှင်အဖွဲ့ကို မြစ်ဆုံစီမံကိန်း ဆက်က်လက် ဆောင်ရွက်ရန် သင့်-မသင့် နှင့် စပ်လျှင်း၍ လေ့လာစိစစ်သုံးသပ် တင်ပြနိုင်ရန် ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးတီခွန်မြတ်က ဦး ဆောင်၍ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပညာရှင် ၂၀ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကော်မရှင်၏ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ အစီရင်ခံရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly