မှုခင်းကျဆင်းရေး အသိပညာပေး လှည့်လည်ရှင်းလင်းမှု မှုခင်းပညာပေးပြခန်းယာဉ် မြိတ်မြို့ရောက်

မှုခင်းကျဆင်းရေး အသိပညာပေး လှည့်လည်ရှင်းလင်းမှု မှုခင်းပညာပေးပြခန်းယာဉ် မြိတ်မြို့ရောက်

မြိတ်၊စက်တင်ဘာ - ၁၆ ။           ။ မှုခင်းများလျော့နည်းကျဆင်းရေးအတွက် မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးရေး အသိပညာပေးခြင်း အစီအစဉ် မှုခင်း ပညာပေး ပြခန်းယာဉ်သည် စက်တင်ဘာ ၁၆ ရက်နံနက် ၁၀ နာရီခွဲခန့်တွင် မြိတ် မြို့ သို့ရောက်ရှိပြီး ရှင်းလင်းပြသမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ မှုခင်းပညာပေးပြခန်းယာဉ်သည် တနင်္သာရီတိုင်းအတွင်း မြို့ (၁၀) မြို့လှည့်လည်မည်ဖြစ်ပြီး ယခု မြိတ်မြို့ သို့လာ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပညာပေးခြင်းအစီအစဉ်များကို ပြုလုပ်ပေးရန်အတွက်လည်း မြိတ်မြို့ဒေသခံအချို့ကလည်း ယခင်ကတည်းက တောင်းဆိုနေခဲ့ကြသည်။

မှုခင်းပညာပေးပြခန်းယာဉ်မှာ မြိတ်မြို့တွင် (၂)ရက်တိုင် ပညာပေးအစီအစဉ်များ လှည့်လည်ပြုလုပ်သွား မည်ဟုသိရ သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး သုံးစွဲ၊ရောင်းဝယ်၊သိုလှောင်သည့် သတင်းများတွေ့ပါက မူးယစ် တပ်ဖွဲ့စု (၃၃) ထားဝယ် ဖုန်း ၂၂၆၂၉ ၊ ၀၉၅၂၄၆၆၀ ၊ မူးယစ်တပ်ဖွဲ့စု (၃၄)ကော့သောင်း ဖုန်း ၀၅၉ ၅၁၈၁၆ ၊ ၀၉၅ ၆၆၁၁၄၆၊ မူးယစ်တပ်ဖွဲ့စု (၃၅)မြိတ် ဖုန်း  ၀၅၉၄၂၃၂၀၊ ၀၉ ၅၀၂၈၅၇၄ တို့သို့ ဆက်သွယ် သတင်းပို့တိုင်ကြားနိုင် ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly