ဒီရေတောများကို လုံးဝခုတ်ခွင့် မပြုနိုင်ကြောင်း တနင်္သာရီဝန်ကြီးချုပ် ထပ်မံသတိပေး

ဒီရေတောများကို လုံးဝခုတ်ခွင့် မပြုနိုင်ကြောင်း တနင်္သာရီဝန်ကြီးချုပ် ထပ်မံသတိပေး
 တနင်္သာရီတိုင်းရှိဒီရေတောအချို့ကိုတွေ့ရစဉ်။  ဓာတ်ပုံ - ဇော်နီ

မြိတ်၊ စက်တင်ဘာ-၁၆ ။          ။ ဒီရေတောများကို ခုတ်ထွင်၍ မီးသွေးဖုတ်ခြင်းကို လုံးဝခွင့်မပြုကြောင်းနှင့် အခြားသစ်ဖြင့် မီးသွေး ထုတ်လုပ်ခွင့်ကို အစိုး ရအဖွဲ့ အစည်းအဝေးတင်ကာ   ပြန်လည်   ဆွေးနွေး စဉ်းစားသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က မြိတ်မြို့ ပုလဲရတနာခန်းမတွင် ပြောဆိုခဲ့သည်။

စက်တင်ဘာ ၁၅ ရက်က တနသာရီ၊ မြိတ်၊ ကျွန်းစု မြို့နယ်သုံးခုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တနင်္သာရီတိုင်း ဝန် ကြီးချုပ်တို့ တွေ့ဆုံခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က မီးသွေးလုပ်ငန်းများအတွက် သစ်လိုအပ်ချက်များ တင်ပြစဉ်  ဝန်ကြီးချုပ်က  ငြင်းဆိုသတိပေးသွားခဲ့ခြင်း ဖြစ်သည်။

“ မီးသွေးကို နိုင်ငံတော်က မူဝါဒအနေနဲ့ မလုပ်ခိုင်းတာပါ။ မူဝါဒတစ်ရပ်အ နေနဲ့ သစ်တောတွေကို ထိန်း သိမ်းချင်လို့ပါ အထူးသဖြင့် ဒီရေတောပါ။ ဒီရေတောကိုတော့ လုံး၀ မပေးပါဘူ။ နိုင်ငံတော်ရှေ့ဆက်ရမယ့်ခရီးကို မူဝါဒမရှိပဲသွားလို့ မရပါဘူး။ ဒါကို ကျေးလက်အုပ်ချုပ်ရေးမှူးတွေ သိစေချင်ပါတယ်။  မူဝါဒမရှိပဲသွားရင် ရှေ့ကို မရောက်နိုင်ပါဘူး” ဟု ဝန် ကြီးချုပ်က ပြောဆိုသည်။

ဒီရေတောများ လုံး၀ မရှိခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေခဲ့ရပြီး နိုင်ငံတော်၏ ပြည်သူလူထုများ အသက် ဆုံးရှုံးရသည်အထိ ဒုက္ခများ ကြုံတွေ့ခဲ့ရပြီး ရုတ်တရက် ကြုံလာရမည့် အန္တရာယ် များကို ကြိုတင်ပြင်ဆင်မှုမပြု လုပ်ပါက ကာကွယ်နိုင်မည့် အခြေအနေ နေ့ချင်းညချင်းလုပ်ဆောင်၍ မရနိုင်ကြောင်း ဝန်ကြီးချုပ် က ပြောသည်။

ထို့ပြင်  အိမ်ဆောက်လုပ်ရန် လိုအပ်ပါက အခြားသစ်များကို သံုံးစွဲနိုင်ကြောင်းနှင့် ပုံစံ(၈)ဖြင့် ဖမ်းဆီးထားသည့် သစ်များ ကို ပြန်လည်ချထားပေးနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင်မူ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံလူထုက မီးသွေးဖောင်းလုပ်ငန်း၊ ဝါးဓနိအရောင်း ဆိုင် များအနေဖြင့် သစ်မျောတိုင် (အချဉ်)ခုတ်ယူခွင့် စသဖြင့် ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုမှု များရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly