မာရန်တီတိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်တွင် တိုက်ခတ်ပြီးနောက် တရုတ်ပြည်မတွင်း ဝင်ရောက်

မာရန်တီတိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်တွင် တိုက်ခတ်ပြီးနောက် တရုတ်ပြည်မတွင်း ဝင်ရောက်

ပေကျင်း၊ စက်တင်ဘာ ၁၅ ။      ။ ထိုင်ဝမ်တွင် နှစ်ပေါင်း ၂၁ နှစ်အတွင်း အားအကောင်းဆုံးအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့သော မာရန်တီတိုင်ဖုန်းမုန်တိုင်းသည် တရုတ်ပြည်မကြီးအတွင်း ဝင်ရောက်တိုက်ခတ်လျက်ရှိသည်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၁ မိုင်ဖြင့် အားပြင်းတိုင်မုန်တိုင်းကြောင့် ထိုင်ဝမ်တွင် လူ သုံးဦးသေဆုံးခဲ့ကာ အိမ်ခြေသန်းဝက်နီးပါးမျှ လျှပ်စစ်မီးများ ပြတ်တောက်ကုန်သည်။

စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း၌ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ကျိအမ်မန်မြို့အနီး ဝင်ရောက်တိုက်ခတ်ရာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်သည်။

တရုတ်တောင်ပိုင်းတွင် လေယာဉ်ခရီးများနှင့် ရထားပြေးဆွဲမှု ဒါဇင်များစွာ ဖျက်သိမ်းရပြီး ထောင်ပေါင်းများစွာသော ပြည်သူများ ဘေးလွှွတ်ရာ ရွှေ့ပြောင်းကြရသည်။

“ဒီမုန်တိုင်းက တိုင်ဝမ်မှာတော့ ၂၁ နှစ်အတွင်းမှာ အားအပြင်းဆုံး မုန်တိုင်းနဲ့ ကြုံတွေ့ရတာပါ။”ဟု မိုးလေဝသပညာရှင်တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

တရုတ်၌ ဆောင်းလလယ်ပွဲတော်အတွက် ရုံးပိတ်ရက် သုံးရက်အစနေ့မှာပင် တိုင်းဖုန်းမုန်တိုင်း မာရန်တီ ဝင်ရောက်ခြင်းလည်းဖြစ်သည်။

ဒေသခံများကို အိမ်တွင်းမှာပင် နေကြရန်နှင့် သင်္ဘောများလည်း ဆိပ်ကမ်းသို့ ပြန်လာကပ်ရန် အမိန့်ထုတ်ထားပြီး ပင်တန်မြို့နေများကိုမူ နေအိမ်များမှ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly