အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် အာဆင်နယ် ကြိုးပမ်းနေ

အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် အာဆင်နယ် ကြိုးပမ်းနေ

စက်တင်ဘာ ၁၅၊ လန်ဒန် ။             ။ အာဆင်နယ်အသင်းသည် ၎င်းတို့အသင်း၏ အဓိက တိုက်စစ်ကစားသမားများဖြစ်သော အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ နှစ်ဦးကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် စတင်ကြိုးပမ်းနေပြီ ဖြစ်သည်။

အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၈၀ ကျော်အသုံးပြုခဲ့ပြီးနောက် အာဆင်နယ်အသင်းသည် အဓိက ကစားသမားများကို စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်နှင့် ချီလီတောင်ပံတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်တို့ နှစ်ဦးစလုံးသည် အာဆင်နယ်ကို စတင်ရောက်ရှိသည့်အချိန်ကလည်းက ခြေစွမ်းပြသ ကစားနိုင်သူများဖြစ်သည်။

လက်ရှိတွင် အိုဇေးလ်မှာ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၄၀,၀၀၀ ရရှိနေပြီး ဆန်းချက်ဇ်မှာ ၁၃၀,၀၀၀ ရရှိနေသည်။ ၎င်းတို့ နှစ်ဦးစလုံးအနေဖြင့် စာချုပ်သစ်ချုပ်ဆိုခဲ့ပါက လစာငွေ တိုးမြှင့် ခံစားရမည် ဖြစ်သည်။

အာဆင်နယ်အသင်းသည် အိုဇေးလ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်လျက်ရှိနေသော်လည်း ဆန်းချက်ဇ်ကိုမူ သံသယ အနေအထားတွင် ရှိနေသည်။

ဝီလ်ရှိုင်းယား၊ ချိန်ဘာလိန်နှင့် ကီယန်ဂစ်ဘ်တို့သုံးဦး၏ စာချုပ်သက်တမ်းမှာ နောက်ဆုံး ၂ နှစ်အတွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း အာဆင်နယ်အသင်းတွင် ဆက်ရှိရန် မသေချာသည့် အနေအထားတွင် ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly