စက်တင်ဘာ ၁၅၊ လန်ဒန်။ ။ လီဗာပူးလ်အသင်း၏ တိုက်စစ်ကိုဟန့်တားရန် ခံစစ်ကောင်းမွန်ရမည်ဟု ချယ်လ်ဆီးအသင်းဖော်များကို ဟာဇက်က သတိပေး လိုက်သည်။
ဂျာဂင်ကလော့ပ်၏ လီဗာပူးလ်အသင်းသည် လက်ရှိချန်ပီယံလက်စတာကို အန်ဖီးလ်ကွင်းတွင် လေးဂိုးသွင်းနိုင်ခဲ့သည့်ပွဲ အပါအဝင် ငါးပွဲကစား ၁၄ ဂိုးသွင်းထားသည်။
ဟာဇက်၏ ချယ်လ်ဆီးအသင်းမှာမူ ဆွမ်ဆီးနှင့်ပွဲတွင် ၂-၂ ဂိုးစီသရေကျသဖြင့် ရာသီအစ ရာနှုန်းပြည့်နိုင်ပွဲရမည့် အခွင့်ရေးကို လက်လွှတ်ခဲ့ရသည်။
အသင်းခေါင်းဆောင်တယ်ရီခြေကျင်းဝတ်ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်သည့် ချယ်လ်ဆီးအသင်းသည် လေးပွဲကစားပြီး ချိန်တွင် ဂိုးမပေးရသည့်ပွဲတစ်ပွဲသာရှိခဲ့သည်။
နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ ဘန်လေကို ၃-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲမှာ ဇန်နဝါရီနောက်ပိုင်း အိမ်ကွင်းတွင် ပထမဆုံး ဂိုးမပေးရသည့်ပွဲလည်းဖြစ်သည်။
“ဆွမ်ဆီးနဲ့မတိုင်မီမှာ ကျွန်တော်တို့သုံးပွဲလုံးအနိုင်ရခဲ့တယ်။ ကျွန်တော်ကစားပုံကောင်းပြီး ဂိုးတွေရခဲ့ပေမယ့် ဂိုးတွေလည်းပေးခဲ့ ရတယ်။ အမြဲလိုလို တစ်ဂိုး၊ နှစ်ဂိုးပေးနေရတာက ရှက်စရာပဲ။
ခံစစ်ကိုပိုပြီးကျစ်ကျစ်လျစ်လျစ်ကစားဖို့ ကျွန်တော်တို့ပေါ်မူတည်နေတယ်။ ပြီးတော့ဂိုးတွေသွင်းပြီး နိုင်ပွဲတွေပိုရဖို့အတွက်ရော ပေါ့”ဟု ဟာဇက်က ပြောသည်။
Ref; Mirror