ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆန့်ကျင်နေမှုများအားအဆုံးသတ်ရန် မန်စီးတီးပရိသတ်များကို ဂွာဒီယိုလာတိုက်တွန်း

ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆန့်ကျင်နေမှုများအားအဆုံးသတ်ရန် မန်စီးတီးပရိသတ်များကို ဂွာဒီယိုလာတိုက်တွန်း

စက်တင်ဘာ ၁၅၊ မန်ချက်စတာ။                ။ မန်စီးတီးပရိသတ်များအနေဖြင့် ယူအီးအက်ဖ်အေနှင့် မပြေလည်မှုများ၊ ချန်ပီယံလိဂ်သီချင်းကိုလှောင်ပြောင်နေမှုများကို ရပ်တန့် သင့်ကြောင့် နည်းပြဂွာဒီယိုလာက တိုက်တွန်းပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဆီမီးရောက်ခဲ့သည့် စီးတီးအသင်းသည် ယခုနှစ်အုပ်စုအဖွင့်ပွဲတွင် မိုချင်ဂလက်ဘတ်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မန်စီးတီးပရိသတ်များသည် ချန်ပီယံလိဂ်ပြိုင်ပွဲကို စီစဉ်ကျင်းပသည့် ယူအီးအက်ဖ်အေအပေါ် မကျေလည်မှုများကြောင့် တစ်ခါ တရံတွင် ဝင်ရောက်ကြည့်ရှုနှုန်းနည်းပါးခြင်း၊ ချန်ပီယံလိဂ်သီချင်းကို လှောင်ပြောင်ခြင်းများပြုလုပ်လေ့ရှိရာ နည်းပြဂွာဒီယိုလာက ရပ်တန့်ချိန်တန်ပြီဟု ယူဆနေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဖလားနှစ်လုံးယူပေးခဲ့ဖူးသည့် ဂွာဒီယိုလာက “မပြေလည်မှုတွေဖြစ်တုန်းက ကျွန်တော်ဒီကို မရောက်သေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေအနေနဲ့ အတိတ်ကကိစ္စတွေကို မေ့ပစ်ရပါမယ်။

ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းအကြောင်းကိုပြောနေသူတွေအတွက် သမိုင်းသစ်ရေးဖို့ရောက်နေတာပါ။ တစ်ခု တည်းသောလုပ်စရာက ကျွန်တော်တို့ အရင်ထက်ပိုကောင်းအောင် ကစားဖို့ပါ။

ဒါဆိုရင် လူတွေအနေနဲ့ ‘အိုး ဒီနေရာမှာ မိနစ် ၉၀ လုံးအားပေးခဲ့တာ ပျော်ခဲ့ရတယ်။ နောက်လဲ လာအားပေးဦးမယ်’ ဆိုပြီး ပြောကြမယ်။

ဒီနေ့ပရိသတ်ကွင်းလုံးမပြည့်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ပိုကောင်းအောင်ကစားရမယ်။ ဒီပြိုင်ပွဲမှာကစားရတာကို ဂုဏ်ယူကြ ရမယ်”ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly