ရုရှားက ဓာတုလက်နက် (၉၅) ရာခိုင်နှုန်းကို ဖျက်ဆီးပစ်

ရုရှားက ဓာတုလက်နက် (၉၅) ရာခိုင်နှုန်းကို ဖျက်ဆီးပစ်
(ဓာတ်ပုံ - အီးပီအေ)

ရုရှားက ၎င်းတို့ရဲ့ ဓာတုလက်နက် (၉၅) ရာခိုင်နှုန်းကို ဖျက်ဆီးပစ်လိုက်ကြောင်း ရုရှားဖက်ဒရယ်အေဂျင်စီရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗာလ်လီရီ ကာပါရှင်က ကြေညာခဲ့ပါတယ်။

ဒါဟာ စစ်တပ်က အသုံးပြုတဲ့ တန် (၃၇,၉၅၀) ကျော် အဆိပ်အတောက်ဝတ္တုများဖြစ်ကြောင်း ကာပါရှင်က ပြောပါတယ်။

ရုရှားဟာ ဆိုဗီယက်ပြည်ထောင်စုကနေ အမွေခံခဲ့တဲ့ တန် (၄၀,၀၀၀) ကျော် ဓာတုလက်နက်များကို ၂၀၁၈ ခုနှစ်မှာ ဖျက်ဆီးပစ်ဖို့ ကတိပြုထားတာဖြစ်ပါတယ်။

အဆိုပါလက်နက်တွေကို ဖျက်ဆီးပစ်ဖို့ (၂) နှစ်ကျော် ကျန်နေသေးပေမယ့်  နိုင်ငံတွင်း စီပွားရေးအကျပ်အတည်းကြောင့် သယံဇာတ ရင်းမြစ်အသုံးပြုမှုနှင့် ဘတ်ကျက်ဖြတ်တောက်မှု ထိန်းညှိရန် ဓာတုလက်နက် အများအပြားကို ဖျက်ဆီးဖို့ အရှိန်မြှင့်လုပ်ဆောင်ရန် အေဂျင်စီက စီစဉ်ခဲ့ကြောင်း ကာပါရှင်က ထည့်သွင်း ပြောဆိုထားပါတယ်။

ရုရှားနိုင်ငံဟာ ဓာတုလက်နက်ဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူ လက်မှတ်ရေးထိုးထားတဲ့ (၆၅) နိုင်ငံထဲက နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဆိုပါ သဘောတူညီမှုကို ၁၉၉၃ ခုနှစ်မှာ ရုရှားက လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ စတင် အကျိုးသက်ရောက်တာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly