လာမည့် နိုင်ငံရေးဆွေးနွေး မူဘောင်ဆိုင်ရာသုံးသပ်သည့် အစည်းအဝေးသို့ DPN အဖဲဲွ့ တက်ရောက်နိုင်မည်မဟုတ််

လာမည့် နိုင်ငံရေးဆွေးနွေး မူဘောင်ဆိုင်ရာသုံးသပ်သည့် အစည်းအဝေးသို့ DPN အဖဲဲွ့ တက်ရောက်နိုင်မည်မဟုတ််
နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ဆွေးနွေးညှိနှိုင်းရေးအလုပ်အဖွဲ့ (CT)တို့ စက်တင်ဘာလ ၁၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ဆွးနွေးနေစဉ် ဓာတ်ပုံ - ဖနိဒါ

ချင်းမိုင်၊ စက်တင်ဘာ ၁၄ ။           ။ နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)အနေဖြင့်  စက်တင်ဘာ တတိယပတ်အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် သုံးသပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ရက်နှင့် ၁၇ ရက်တို့တွင် ရန်ကုန်မြို့ အမျိုုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ သုံးသပ်မည့် အစည်းအဝေးသို့  အ ခြားအစည်းအဝေး တစ်ခုနှင့် တိုက်နေသဖြင့် တက်ရောက်မည် မဟုတ်ကြောင်း DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

“ကျနော်တို့ ဒီက အစည်းအဝေးတွေနဲ့ တိုက်နေလို့ မတက်နိုင်ဘူး။ ဒီမှာရှိတဲ့ အစီအစဉ်တွေ တိုက်ဆိုင်နေတော့ မတက် နိုင်တော့တာ။ ကျနော်တို့ ဒီတစ်ခေါက် မတက်နိုင်ရင်လည်း   နောက်တစ်ခေါက်တက်ဖို့ တက်ဖို့ ရှိမှာပေါ့” ဟု မဇ္ဈိမ ကို ပြောသည်။

DPN နှင့် ဆွေးနွေးညှိနှိုင်းရေး အလုပ်အဖွဲ့ (CT)တို့ စက်တင်ဘာလ ၁၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံညီ လာ ခံ) အပေါ် ပြန်လည် သုံးသပ်ခဲ့ကြသည်။

DPN က လာမည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အစည်းအဝေးတွင် မတက်ရောက်နိုင်သော်လည်း လာမည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် ရေးဆွဲသည့် အစည်းအဝေးများတွင် တက်ရောက်မည် ဖြစ်ကြောင်း ဆွေးနွေး ညှိနှိုင်းရေး အလုပ်အဖွဲ့ (CT) မှ ပဒိုကွယ်ထူးဝင်းက ပြောသည်။

“သူတို့မှာ အခြေအနေ အကြပ်အတည်း ရှိလို့မတက်နိုင်ဘူး။ ဒါက review ဘဲဖြစ်တယ်။ မူဘောင် ပြန်ရေးတဲ့အဆင့် မဟုတ်လို့ သူတို့ မတက်ဘူး။ ဒီကိစ္စက တစ်ခါတည်းလုပ်လို့ရတာမဟုတ်ဘူး။ သူတို့ပါလာတဲ့အချိန်ကြတော့ ပါလာ မှာပေ့ါ။ ဆုံးဖြတ် ထားပြီးသားပါ ”ဟု ၎င်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိုင်ဂျာယန် ဆွေးနွေး ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းရှာသွားမည်  ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

“ကျနော်တို့ ညီလာခံအတူသွားတက်ပြီးတော့ အခင်းအကျင်းကို ကျနော်တို့အတွင်းမှာ ဘယ်လို အားနည်းချက်တွေ ရှိ သလဲ၊ ဘယ်လို အားသာချက်တွေရှိသလဲဆိုတာ သုံးသပ်တယ်။ ရှေ့ဆက်ပြီးတော့ ကျနော်တို့က နားလည်မှု ရှိရှိနဲ့ ရှိ နေတဲ့ အနေအထားကို ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်။ ပိုမိုပြီးတော့ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့ နည်း လမ်းရှာတာပေါ့နော်”ဟု သူက ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသော DPN သည် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မူကြမ်း (NCA)တွင် အားလုံး ပါဝင်ရေး အပါအဝင် အချက် ၈ ချက် စာတမ်းကို အစိုးရ ကိုယ်စားလှယ်များထံသို့ တင်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags