နည်းပြကလော့ပ်နှင့် လီဗာပူးလ်အသင်း လိုက်ဖက်မှုရှိသည်ဟု ဖာဂူဆန်ယူဆ

နည်းပြကလော့ပ်နှင့် လီဗာပူးလ်အသင်း လိုက်ဖက်မှုရှိသည်ဟု ဖာဂူဆန်ယူဆ

စက်တင်ဘာ ၁၄၊ လီဗာပူးလ်။             ။ နည်းပြဂျာဂင်ကလော့ပ်နှင့် လီဗာပူးလ်အသင်းတို့၏ပေါင်းစပ်မှုသည် ကောင်းမွန်သင့်တော်သည့် လိုက်ဖက်ညီမှုရှိသည်ဟု ဆာအဲလက်စ်ဖာဂူဆန်က ယူဆနေသည်။

အသင်းအပါ် ကလော့ပ်၏ သက်ရောက်နိုင်ခြင်းရှိမှုနှင့် ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဖာဂူဆန်က “သူက ပရိသတ်တွေကို အသင်းဆီရောက်လာစေတယ်။

နည်းစနစ်ဧရိယာအတွင်း သူ့ရဲ့လှုပ်ရှားတက်ကြွမှုတွေကလည်း ပရိသတ်တွေကြောင့် ဖြစ်လာတယ်။ ဒီတော့ အသင်းနဲ့သူ့ရဲ့ အပြန်အလှန်ပေါင်းစပ်မှုဟာ သင့်တော်တဲ့ပေါင်းစပ်မှုတစ်ခုပဲလို့ ကျွန်တော်ထင်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ရောက်ရှိခဲ့မှုနှင့်ပတ်သက်ပြီး ယူအီးအက်ဖ်အေ ယူရိုပါလိဂ် နည်းစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ဖာဂူဆန်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ဗီလာရီးယဲလ်၊ ဒေါ့မွန်နှင့် ဖာဂူဆန်၏အသင်းဟောင်း မန်ချက်စတာယူနိုက်တက်တို့ကို အနိုင်ယူကျော် ဖြတ်ခဲ့ပြီး အန်ဖီးလ်ကွင်း၏အရှိန်ကိုလည်း ဖာဂူဆန်က ထည့်သွင်းချီးကျူးခဲ့သည်။

“အန်ဖီးလ်မှာကစားရတာ အရမ်းခက်တယ်လို့ ကျွန်တော်အမြဲတွေးခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပရိသတ်တွေဟာ အံ့မခန်း အားပေးကြပြီး အဲဒါက ပြိုင်ဘက်တွေ ဒိုင်တွေအတွက် အမြဲတစေ ဖိအားဝင်ခဲ့ရပါတယ်။

အသင်းရှုံးနေချိန်မှာတောင် စိတ်ဓါတ်ကိုမြှင့်ပေးနိုင်သူတွေပါ။ လီဗာပူးလ်ဆိုတာ ပရိသတ်တွေကြောင့် စိတ်ဓါတ်ခွန်အားဖြစ်ရတဲ့ အသင်းမျိုးပါပဲ”ဟု ဖာဂူဆန်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags