နံပါတ် ၁၀ နေရာတွင် မကစားရသည့်အတွက် အမ်ခီတာရန် စိတ်ပျက်နေ

နံပါတ် ၁၀ နေရာတွင် မကစားရသည့်အတွက် အမ်ခီတာရန် စိတ်ပျက်နေ

စက်တင်ဘာ ၁၄၊ အင်္ဂလန် ။                      ။ နည်းပြမော်ရင်ဟို၏ လက်အောက်တွင် နံပါတ် ၁၀(No 10 role)နေရာတွင် မကစားရသည့်အတွက် မန်ယူ ကစားသမားသစ် အမ်ခီတာရန်မှာ စိတ်ပျက်လျက်ရှိနေသည်။

အာမေးနီးယား ကွင်းလယ်တိုက်စစ် ကစားသမား အမ်ခီတာရန်သည် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပွဲထွက် ကစားသမားအဖြစ် ပထမဆုံး ကစားခွင့်ရခဲ့သော်လည်း ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပေ။

မန်ယူအသင်းတွင် ဝိန်းရွန်နီက နံပါတ် ၁၀ နေရာတွင် ကစားနေသည့်အတွက် အမ်ခီတာရန်မှာ တောင်ပံထွက် ကစားပေးနေရသည်။ ၎င်းအားသန်သည့် နေရာမဟုတ်သည့်အတွက် အမ်ခီတာရန်မှာ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ရလျက်ရှိသည်။

အမ်ခီတာရန်သည် ပြီးခဲ့သည့်ရာသီက ဒေါ့တ်မွန်အသင်းတွင် နံပါတ် ၁၀ နေရာ၌ ကစားခဲ့ပြီး ခြေစွမ်းပြသကာ ၁၁ ဂိုးသွင်းယူပြီး ၁၅ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ဘွန်ဒက်စ်လီဂါ၏ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး မန်ယူအသင်းထံသို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့ခွင့် ရရှိခဲ့သည်။

မန်ယူအသင်းတွင် နည်းပြမော်ရင်ဟိုက အသင်းခေါင်းဆောင် ရွန်နီကို ဦးစားပေးနေသည့်အတွက် အမ်ခီတာရန်မှာ လူစားဝင် ကစားသမားအဖြစ်သာ ကစားနေရပြီး မန်ချက်စတာဒါဘီတွင်မှ ပွဲထွက်ကစားသမားအဖြစ် တောင်ပံ ကစားသမားနေရာက ကစားခဲ့ရခြင်း ဖြစ်သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly