မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်မှု ဘဏ္ဍာနှစ် ပထမငါးလ၌ ဒေါ်လာ သန်း ၅၀၀ နီးပါးရှိ

မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်မှု ဘဏ္ဍာနှစ် ပထမငါးလ၌ ဒေါ်လာ သန်း ၅၀၀ နီးပါးရှိ

မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မှုသည် ယခုဘဏ္ဍာနှစ်၏ ပထမငါးလဖြစ်သော ဧပြီမှ သြဂုတ်အတွင်း အမေရိကန်ဒေါ်လာ ၄၉၉ ဒဿမ ၈၆၁ သန်း ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းတွင်  ဖော်ပြသည်။

ကုန်သွယ်မှုတန်ဖိုးက ယခင်နှစ်ကထက် ဒေါ်လာ သန်း ၁၀၀ အထိ တိုးပွားလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ထိုင်းနှင့် နယ်စပ်ကုန်သွယ်မှုစခန်း ခြောက်ခုရှိသည်။ ၎င်းတို့မှာ ရှမ်းပြည်နယ် တာချီလိတ်၊ ကရင်ပြည်နယ် မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ကျိုင်းတုံ၊ ထီးခီးနှင့် မောတောင်းကုန်သွယ်စခန်းများဖြစ်သည်။

မြဝတီကုန်သွယ်မှုက အကြီးဆုံးဖြစ်ကာ နှစ်နိုင်ငံကြားကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော်ရှိသည်။

မြန်မာနိုင်ငံ၏ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ဂိတ် ၁၅ ခုမှ ယခုဘဏ္ဍာနှစ်၏ ပထမငါးလအတွင်း ကုန်သွယ်မှုတန်ဖိုးသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒဿမ ၈၁၆ ဘီလီယံအထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly