ရှမ်းပြည်နယ်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး RCSS နှင့် တအာင်းပါတီတို့ သဘောတူညီမှုရ

ရှမ်းပြည်နယ်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး RCSS နှင့် တအာင်းပါတီတို့ သဘောတူညီမှုရ

ချင်းမိုင်၊ စက်တင်ဘာ ၁၃ ။              ။ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ဒေသတည်ငြိမ်မှု မရှိသဖြင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် စာသင် ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်   (RCSS/ SSA)နှင့် တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ရှမ်းတောင်ပိုင်းရှိ မိုင်းကိုင်၊ ခိုလမ်၊ မိုင်းနောင်၊ ကျေးသီး စသည့် မြို့နယ်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တအောင်း(ပလောင်) ရဟန်းသံဃာတော်များ ဗဟိုအဖွဲ့က စာသင်ကျောင်းများ ဆောက်လုပ်ခွင့် ရရှိရေးအတွက် ဆက်လက် လုပ်ဆောင်သွားရန် သဘောတူညီမှု ရရှိခဲ့သည်ဟု တာလှဖေက ပြောသည်။

“ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ရေးကိစ္စ ညှိနှိုင်းတိုင်ပင်တဲ့ အခါမှာ RCSS ဥက္ကဌက တောင်ကြီး ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စိုင်းဦး ဆီကနေ ကျနော်တို့လုပ်မဲ့ ပညာရေးအစီအစဉ်တွေကို သူတို့ကိုလည်း အသိပေးပါ။ သူက ဒီကိစ္စသိ ရှိပါ ပြီ။ အဲဒီ မြေပြင်မှာ ရှိနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို အကြောင်းကြားလိုက်တယ်။ အဆင်ပြေသွားမှာပါဆိုတဲ့ လမ်းညွန် ချက် ရထားတဲ့ အတွက်ကြောင့် အားရကျေနပ်ပါတယ်” ဟု TNPမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တာလှဖေက ပြောသည်။

အဆိုပါ ဒေသများတွင် စစ်ပွဲကြောင့် တည်ငြိမ်အေးချမ်းမှု မရှိသဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သဖြင့် ကွင်းဆင်း၍ အချက်အလက်များ စုဆောင်းရန် ခက်ခဲနေသဖြင့် RCSS/SSA နှင့် ညှိနှိုင်းဆွေးနွေးကာ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

RCSSနှင့် TNP တွေ့ဆုံဆွေးနွေးသည့် အဓိက ရည်ရွယ်ချက်သည် ရှမ်းပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ ဒေသဖွံဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်း မွန်ရန်နှင့် ရေ၊ မီး ရရှိရေးတို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု တာလှဖေက ပြောသည်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်း လက်ရှိ ဆောင်ရွက်နေသော ပညာရေးလုပ်ငန်းမာျးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လုံးဆိုင်ရာ တအာင်း(ပလောင်)ရဟန်း သံဃာတော်များ ဗဟိုအဖွဲ့မှ ဒုဥက္ကဌ ဦးပညာသီရိနှင့် အတွင်းရေးမှူး ဦးဇင်း ဦး ဒိက္ခဉာဏတို့ ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူလူထုအရေးကို နှစ်ဖက် အဖွဲ့အစည်းများ ညှိနှိုင်းဖြေရှင်းပါက တစ်ဖက်နှစ် တဖက်နား လည်မှု တည်ဆောက်နိုင်ပြီး ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရာတွင် ပိုမိုမြင့်တက်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ဦးပ ညာသီရိက အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags