အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေရန် ပီအက်စ်ဂျီအသင်းကို သုံးကြိမ်ငြင်းပယ်ခဲ့ဟု အာစင်ဝင်းဂါး ဖွင့်ဟ

အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေရန် ပီအက်စ်ဂျီအသင်းကို သုံးကြိမ်ငြင်းပယ်ခဲ့ဟု အာစင်ဝင်းဂါး ဖွင့်ဟ

စက်တင်ဘာ ၁၃၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်းနည်းပြအဖြစ် ဆက်ရှိနေရန် ပီအက်စ်ဂျီအသင်း၏ကမ်းလှမ်းမှုကို သုံးကြိမ်တိုင် ငြင်းပယ်ခဲ့သည်ဟု နည်းပြ အာစင်ဝင်းဂါးက ဖွင့်ဟပြောဆိုလိုက်သည်။

အာစင်ဝင်းဂါးက ‘ရှိတ်ဘင်ကာလီဖာက ကာလရှည်စာချုပ်နဲ့ ကျွန်တော့်ကို ခေါ်ယူချင်တယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းအပေါ်မှာ သစ္စာရှိရမယ်လို့ ကျွန်တော်အမြဲခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆင်နယ်အသင်းက ကျွန်တော်ချစ်မြတ်နိုးတဲ့ အရည်အချင်းမျိုးရှိတဲ့အသင်းလို့ ထင်လို့ပါ။ ဒါကြောင့်ပဲ အင်္ဂလန်မှာ အခုအချိန်အထိ ကျွန်တော် နည်းပြနေတာပေါ့’ ဟု ပြောဆိုခဲ့သည်။

ပီအက်စ်ဂျီအသင်းကို ကာတာသူဋ္ဌေးများဝယ်ယူခဲ့သည့် ၂၀၁၁ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များက တစ်ကြိမ်စီ အာစင်ဝင်းဂါးကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် အာဆင်နယ်အသင်းနှင့်အာစင်ဝင်းဂါးတို့၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏နေရာတွင် အစားထိုးရန် အာဆင်နယ်အသင်းက နည်းပြသစ်ရှာဖွေနေပြီဟု သတင်းများထွက်ပေါ်နေသည်။

အာဆင်နယ်အသင်း၏ကာလကြာရှည်ဖလားလက်မဲ့ဖြစ်နေမှုကြောင့် အသင်းပရိသတ်အများစုကလည်း နည်းပြအပြောင်းအလဲ ပြုလုပ်ရန် အလိုရှိနေကြသည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags