သမ္မတလောင်း ဟီလာရီကလင်တန် အဆုတ်ရောင် ဝေဒနာခံစားနေရ၍ ကယ်လီဖိုးနီးယား ခရီးစဉ်ဖျက်သိမ်းခဲ့ရ

သမ္မတလောင်း ဟီလာရီကလင်တန် အဆုတ်ရောင် ဝေဒနာခံစားနေရ၍ ကယ်လီဖိုးနီးယား ခရီးစဉ်ဖျက်သိမ်းခဲ့ရ

စက်တင်ဘာ ၁၂ ။                ။ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီကလင်တန် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက် 9/11 အောက်မေ့ဖွယ် အခမ်းအနားတွင် အဖျားဝေဒနာ ခံစားခဲ့ရပြီးနောက် ယခုအခါ စီစဉ်ထားသည့် ကယ်လီဖိုးနီးယား ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဟီလာရီမှာ အအေးမိ အဆုတ်ရောင်နာ ဝေဒနာခံစားနေရသည်ဟု သူမ၏ ဆရာဝန်များက ပြောသည်။

" မနက်ဖြန်မှာ သွားဖို့ စီစဉ်ထားတဲ့ ကယ်လီဖိုးနီးယား ခရီးစဉ်ကို ဟီလာရီ သွားနိုင်တော့မှာမဟုတ်ပါဘူး" ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူ နစ်မာရယ်လ်က ပြောသည်။ အသက် ၆၈ နှစ်အရွယ် ဒီမိုကရက်တစ် သမ္မတလောင်းသည် ယမန်နေ့က အခမ်းအနားတွင် ကျန်းမာရေး အခြေအနေကြောင့် အခမ်းအနားမှ ပြန်လည်ထွက်ခွာ သွားခဲ့ရသည်ဟုလည်း သိရသည်။

ယင်း 9/11 အခမ်းအနားတွင် သူမမှာ ခန္ဓာကိုယ် ရေဓါတ်ခန်းခြောက်မှုနှင့် အပူတက်မှု စသည့်ဝေဒနာတို့ကြောင့် အခမ်းအနားမှ ချက်ချင်းပြန်လည် ထွက်ခွာခဲ့ရခြင်းဖြစ်ကြောင်း သူမ၏ ဆရာဝန်က   ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags