ကေအန်ယူနှင့် မွန်ပြည်သစ်ပါတီတို့ ပဋိပက္ခ ဖြစ်ပွားမှုအပေါ် ညှိနှိုင်းဖြေရှင်းနေ

ကေအန်ယူနှင့် မွန်ပြည်သစ်ပါတီတို့ ပဋိပက္ခ ဖြစ်ပွားမှုအပေါ် ညှိနှိုင်းဖြေရှင်းနေ

ချင်းမိုင်၊ စက်တင်ဘာ ၁၂ ။                   ။ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ စက် တင်ဘာလ ၁၁ ရက်က နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံ ဆွေးနွေးခဲ့ရာ ဗဟိုအဆင့် နယ်မြေပိုင်းခြားနိုင်ရေးနှင့် နှစ်ဖက် ဆက်လက် ဆွေးနွေးနိုင်ရေးအတွက် သုံးဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၈ ရက်က တနာင်္သာရီတိုင်းတွင် စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့မှုအပေါ် KNU ဘက်မှ ပဒိုမန်းငြိမ်းမောင် ဦး ဆောင်ခဲ့ပြီး NMSP ဘက်မှ ဗဟိုကော်မတီဝင် နိုင်အောင်မငေး ဦးဆောင်သော အဖွဲ့တို့ တနင်္သရီတိုင်းဒေသကြီး ရေ ဖြူ မြို့နယ် ရာဖူးကျေးရွာတွင်  နှစ်နာရီကြာ တွေ့ဆုံညှိနှိုင်းခဲ့ခြင်း ဖြစ်သည်ဟု KNU မှ ဘိတ်ထားဝယ်ဆက်ဆံ ရေး ရုံး တာ ဝန်ခံ ပဒိုဝင်းခိုင်က ပြောသည်။

“ ဆွေးနွေးခဲ့တာကတော့လက်ရှိအခြေအနေတွေပေ့ါ။ စစ်ပိုင်းဆိုင်ရာ မြေယာနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းတယ်။ ဒါပေ မဲ့ လောလောဆယ်ကတော့ ကျနော်တို့ ခရိုင်အဆင့်ဆွေးနွေးတင်ပြဖို့ နှစ်ဖက် ခရိုင်ဗဟိုကော်မတီတွေက ဗဟိုကို တင် ပြမယ်။ ဗဟိုကလည်း ဒီဆွေးနွေးပွဲကို အလျင်အမြန်ဆုံးဖြတ်ပြီးတော့ စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက် သဘောတူထား တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်ရေး ပဋိပက္ခ ဆက်လက် မဖြစ်ပွားရန် အောက်ခြေအဆင့်မှ ဗဟိုအဆင့် တွေ့ဆုံကာ အမြန်ဆုံး တင်ပြသွားနိုင်ရေးနှင့် နှစ်ဘက် ပြဿနာများ ဆက်လက် မဖြစ်ပွားရေး နယ်မြေ တာဝန်ခံ ၃ ဦးစီပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ သ လို၊ နှစ်ဖက် သွားလာလှုပ်ရှားမှုများကို အသိပေးအကြောင်းကြားရန် စသည့် သဘောတူညီချက်များ ရရှိခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

“ဗဟိုအချင်းချင်း မတွေ့ခင် ဒီစပ်ကြားမှာ ဘာပြဿနာမှ မဖြစ်နိုင်ဖို့အတွက် ကိုယ့်တပ်ဘက်ဆိုင်ရာကို ကြီးကြပ်ကွပ် ကဲ ဖို့၊ ပြောမယ်ဆိုရင် ဆက်သွယ်ရေးပိုင်ဆိုင်ရာ ဘယ်လိုပြန်ပြီး   ကောင်းမွန်အောင် ပြန်လုပ်နိုင်ဖို့အတွက် ဆွေးနွေးစရာရှိရင် တိုင်ပင် ဆွေးနွေးနိုင်ဖို့အတွက် ကော်မတီဖွဲ့စည်းထားတာ ဖြစ်ပါတယ်”ဟု ပဒိုဝင်းခိုင်က ပြောသည်။

စက်တင်ဘာလ ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာ အနီးတွင် မွန်ပြည်သစ်တပ်ဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံးတပ်ဖွဲ့တို့အကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားရခြင်းမှာ မွန်ပြည် သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေ သဲချောင်းကျေးရွာအနီးသို့ KNU တပ်များ နှစ်ဖက် ဆက်သွယ် မှုမရှိဘဲ ဝင်ရောက် လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags