သြစတြေးလျမှာ လူတစ်ဦး ဓားနဲ့ အတိုက်အခိုက်ခံရ

သြစတြေးလျမှာ လူတစ်ဦး ဓားနဲ့ အတိုက်အခိုက်ခံရ
(ဓာတ်ပုံ - အီးပီအေ)

သြစတြေးလျမှာ အမျိုးသားတစ်ဦးဟာ လူငယ်တစ်ဦးရဲ့ အကြိမ်ပေါင်းများစွာ ဓားထိုးခံရလို့ အပြင်းအထန် ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ပါတယ်။

ရဲများရဲ့အဆိုရ IS နဲ့ဆက်နွှယ်ဖွယ်ရှိတဲ့ အသက် (၂၂) နှစ်အရွယ် Ihsas Khan က အသက် (၅၇) နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆစ်ဒနီမြို့ရှိ ပန်းခြုံထဲမှာ စနေနေ့ညက တိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလူငယ်ကို အကြမ်းဖက်မှုလုပ်ရပ်နှင့် လူသတ်ကျူးလွန်ရန် ကြိုးပမ်းမှုဖြင့် တနင်္ဂနွေနေ့က တရားရုံးမှာ တရားစွဲဆိုခဲ့ကြောင်း ABC ရုပ်သံအရ သိရပါတယ်။

"ဒီလူဟာ ISIS တို့ရဲ့ သွတ်သွင်းခြင်းခံရတဲ့ ဘာသားရေး ယုံကြည်ချက်များ ပြင်းထန်သူတစ်ယောက်ဆိုတာ ကျနော်တို့ သိပါတယ်။ "လို့ ကော်မရှင်နာလက်ထောက် ကက်သရင်းဘန်းက တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဓားထိုးခံရသူကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တိုက်ခိုက်ခဲ့သူနှင့် ရဲတစ်ဦးကို တိုက်ခိုက်ရန်လည်း ကြိုးစားခဲ့သူ လူငယ်မှာ ဆံပင်အလှပြင်ဆိုင်အတွင်း ပုန်းရှောင်ရန် ကြိုးစားခဲ့ပေမယ့် ရဲများက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အစွန်းရောက် အစ္စလာမ္မစ်လှုပ်ရှာမှုများကြောင့် သြဇာလွှမ်းခံရတဲ့ လူငယ်နှင့် ဆယ်ကျော်သက်များဟာ တိုက်ခိုက်မှုများ လုပ်ဆောင်ဖို့  သို့မဟုတ် အရှေ့အလယ်ပိုင်းမှာ စစ်တိုက်ဖို့ နိုင်ငံမှ ထွက်ခွာဖို့ ကြိုးစားလာပြီးနောက် သြစတြေးလျမှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာမှာ အကြမ်းဖက် တပ်လှန့်အဆင့် မြင့်တက်လာပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags