ဟိုတယ် သင်္ဘောတစ်စီး ဂျာမန်တူးမြောင်းတံတားကို ဝင်တိုက်၊ နှစ်ဦးသေဆုံး

ဟိုတယ် သင်္ဘောတစ်စီး ဂျာမန်တူးမြောင်းတံတားကို ဝင်တိုက်၊ နှစ်ဦးသေဆုံး
(ဓာတ်ပုံ - အီးပီအေ)

တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံမှာ ဇိမ်ခံဟိုတယ်သင်္ဘောတစ်စီးက တံတားအောက် ဖြတ်သွားစဉ် တံတားနဲ့တိုက်မိလို့ သင်္ဘောဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခရီးသည် (၁၈၀) ဦးနှင့် ယာဉ်ဝန်ထမ်း (၄၉) ပါ အဆိုပါ သင်္ဘောဟာ အရှေ့တောင်ပိုင်းဒေသ Baviera က အယ်လာဂင်ရှိ မိန်း-ဒန်ညုတူးမြောင်းပေါ် ခုတ်မောင်းကာ ဘူဒါပတ်ဆီသို့ ဦးတည် သွား နေတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ တစ်ဦးက ဆိုပါတယ်။

ကတ်ပတိန်ရဲ့ အခန်းဟာ လုံးဝပျက်စီးခဲ့ပြီး လူနှစ်ဦးမှာ အပျက်အစီး အကျိုးအပဲ့အောက်မှာ ပိတ်မိ သေဆုံးခဲ့ပါတယ်။

"သေဆုံးသူ နှစ်ဦးမှာ သင်္ဘော ဝန်ထမ်းများဖြစ်ပြီး အသက် (၃၃) နှင့် (၄၉) နှစ်ဖြစ်ကြောင်း" ပြောခွင့်ရပုဂိုလ်က ဆိုပါတယ်။

ခရီးသည်များဟာ အရေးပေါ် ကယ်ထုတ်ဖို့အတွက် အပျက်အစီးသင်္ဘောပေါ်မှာ (၄) နာရီခန့် စောင့်ဆိုင်းခဲ့ရပါတယ်။ အစောပိုင်း ရဲအဖွဲ့ထုတ်ပြန်ချက်အရ ဒဏ်ရရသူ မရှိကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့ပြောခွင့်ရသူ တစ်ဦးက တိုက်မိရတဲ့ အကြောင်းအရင်းကိုမှု မသိရသေးဟု ဆိုပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly