(၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုပွဲ မြိတ်တွင် ကျင်းပ

(၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုပွဲ မြိတ်တွင် ကျင်းပ
ဂုဏ်ပြုကြိုဆိုမှုအတွက် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ှရှင်းရေးပြုလုပ်ခဲ့စဉ်။(ဓာတ်ပုံ- ဇော်နီ)

မြိတ်၊ စက်တင်ဘာ-၁၁ ။             ။ လာမည့် အောက်တိုဘာ(၁)ရက်၌ ကျရောက်မည့် (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးတင်ထွန်း ဦးစီး၍ သန့်ရှင်းရေး အမှိုက်ရှင်းလင်းခြင်းများ စက်တင်ဘာ ၁၀ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ၊ မြိ့နယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊
အမှတ်(၇၆)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုတိယရဲမှူးဦးကိုကိုနှင့်အဖွဲ့ဝင်များ ၊ ရေ ကြောင်းရဲတပ်ဖွဲ့စု(မြိတ်)၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(မြိတ်)၊ မူးယစ်အထူး တပ်ဆွယ်(မြိတ်)တို့ ပါဝင်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်အင်အား (၈၀)ကျော်ဖြင့် မြိတ်မြိ့ုအထက်ရေပုန်းရပ်၊ စပါးရွှေဝါလမ်းရှိ ပြည်သူ့ဆေးရုံကြီးတွင် ယင်းကဲ့သို့ ဂုဏ်ပြုကြိုဆိုမှု ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly