အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ညီညွတ်စွာ ရင်ဆိုင်ကြရန် ၉/၁၁ တိုက်ခိုက်ခံရမှု နှစ်ပတ်လည်တွင် အိုဘားမားပြောကြား

အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ညီညွတ်စွာ ရင်ဆိုင်ကြရန် ၉/၁၁ တိုက်ခိုက်ခံရမှု နှစ်ပတ်လည်တွင် အိုဘားမားပြောကြား

ဝါရှင်တန်၊ စက်တင်ဘာ ၁၁ ။              ။ အကြမ်းဖက်သမားမှုများ၏ တိုက်ခိုက်မှုများအပေါ် အမေရိကန်နိုင်ငံသားများအနေဖြင့် ညီညွတ်စွာ ရင်ဆိုင်တုန့်ပြန်သွားကြရန် စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့တွင် သမ္မတဘာရက် အိုဘားမားက တိုက်တွန်းပြောကြားလိုက်သည်။

“အကြမ်းဖက်သမားတွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်သွားရမလဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်တို့အကြားမှ ညီညွတ်မှုပြိုကွဲအောင် ကြိုးပမ်းနေသူတွေကို အလျှော့မပေးနိုင်ပါဘူး။ ကျွန်တော်တို့အသိုင်းအဝိုင်း ပြိုကွဲမယ့် လုပ်ရပ်မျိုးကို မလုပ်ဆောင်နိုင်ပါဘူး” ဟု ၉/၁၁ တိုက်ခိုက်ခံရမှု ၁၅ နှစ်မြောက်မတိုင်မီ တစ်ရက်တွင် အိုဘားမားက ရေဒီယို၊ အင်တာနက်၊ ရုပ်သံတို့မှ တစ်ဆင့် တိုင်းပြည်သို့ ပြောကြားခဲ့သည်။

“လူမျိုး၊ဘာသာ၊ ကျား၊မ၊ အသားအရောင် မခွဲခြားဘဲ ကျွန်တော်တို့အနေနဲ့ အားလုံးကို မျှမျှတတ ဆက်ဆံသွားဖို့ လိုပါတယ်။ သူတို့အားလုံး စုပေါင်းခြင်းဟာ ကျွန်တော်တို့အတွက် အင်အားတွေဖြစ်စေပါတယ်” ဟု အိုဘားမားက ပြောသည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် အယ်ကိုင်ဒါများက ခရီးသည်တင်လေယာဉ်များကို ပြန်ပေးဆွဲကာ နယူးယောက်မြို့ Twin Towers  ကို တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၂၇၅၀ ကျော် သေဆုံးခဲ့သည်။

အခြားတစ်စင်းက ပင်တဂွန်စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့ပြီး ခရီးသည်များက ပြန်ပေးသမားများကို ပြန်လည်တိုက်ခိုက်ခဲ့သည့် စတုတ္ထမြောက်တစ်စင်းသည် ပယ်ဆယ်လ်ဗေးနီးယားပြည်နယ်အတွင်း ကွင်းပြင်တစ်ခုပေါ်သို့ ပျက်ကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags