သွေးလွန်တုပ်ကွေးကြောင့် ယခုနှစ်ဝက်ကျော်ကာလ အတွင်းသေဆုံးသူပေါင်း ၆၀ ရှိ

သွေးလွန်တုပ်ကွေးကြောင့် ယခုနှစ်ဝက်ကျော်ကာလ အတွင်းသေဆုံးသူပေါင်း ၆၀ ရှိ

မြန်မာနိုင်ငံအတွင်း ဇန်နဝါရီလအတွင်းက စတင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဇူလိုင် ၁၀ ရက်အထိသေဆုံး သူပေါင်း ၆၀ ရှိသွားပြီဖြစ်ကြောင်း zeenews ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ် တုပ်ကွေးရာသီတွင် မြန်မာနိုင်ငံ၌ တုပ်ကွေးဖြစ်ပွားသူပေါင်း ၁၀၀၀၀ ရှိပြီး ယမန်နှစ် နှုန်းထက် နှစ်ဆမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

သေဆုံးမှုများတွင် ရန်ကုန်က အမြင့်ဆုံးဖြစ်ပြီး နိုင်ငံတစ်ဝန်း တုပ်ကွေးကူးစက်ဖြစ်ပွားမှုပေါင်း နေ့စဉ် ၂၀၀ မှ ၂၅၀ ကြားခန့် ရှိသည်။

တစ်နိုင်ငံလုံးအနှံ့ တုပ်ကွေးရောဂါ မပျံ့ပွားရေး ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နေလင့်ကစား ခြင်ကြောင့်ဖြစ်သည့် ယင်းသွေးလွန်တုပ်ကွေး ရောဂါသည် ပို၍ အဖြစ်များလာကြောင်း သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး စီမံကိန်း အရာရှိတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံတွင်း သွေးလွန်တုပ်ကွေးကြောင့် လူသေဆုံးမှုသည် ၁၉၆၅ ခုနှစ်အတွင်းက ပထမဆုံးဖြစ်ပွားခြင်းဖြစ်ကြောင်း သိရပြီး ၁၉၉၄ ခုနှစ်တွင် သွေးလွန်တုပ်ကွေးကြောင့် ၄၄၄ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly