ဘာစီလိုနာအသင်းနှင့်အတူ နေမာ လေ့ကျင့်ခန်းပြန်ဆင်း

ဘာစီလိုနာအသင်းနှင့်အတူ နေမာ လေ့ကျင့်ခန်းပြန်ဆင်း

စက်တင်ဘာ ၁၀၊ ဘာစီလိုနာ။                      ။ ဘာစီလိုနာကြယ်ပွင့် နေမာသည် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအသင်းနှင့်အောင်မြင့်မှု ရပြီးနောက် ဘာစီလိုနာအသင်း   နှင့်အတူ   လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည်။

နေမာအနေဖြင့် ဘရာဇီးအသင်းကို ရွှေတံဆိပ်ရအောင်ကူညီပေးပြီး ရက်သတ္တပတ်များ အကြာတွင် စနေ့နေ့၌ အိမ်ကွင်းတွင် အလာဗက်စ်နှင့်ကစားရမည့် ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားနိုင်မည်ဟု မျှော်လင့်ရသည်။

အသက် ၂၄ နှစ်အရွယ်ရှိကစားသမားသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ ဘာစီလိုနာအသင်းနှင့် လေ့ကျင့်ခန်းပြန်ဆင်းနေပြီး အသင်းဖော်များနှင့် နောက်ပြောင်ရယ်မောနေပုံကို တွေ့ခဲ့ရသည်။

နေမာသည် ဂျာမနီအသင်းနှင့်ကစားရသည့် အိုလံပစ်ဗိုလ်လုပွဲတွင် သာမန်ပွဲချိန်အတွင်း ဂိုးသွင်းနိုင်ခဲ့သကဲ့သို့ ပင်နယ်တီ အနိုင် ဂိုးကိုလည်း သွင်းယူနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသည် လာလီဂါအဖွင့်ပွဲနှစ်ပွဲတွင် ဘက်တစ်ကို ၆-၂၊ ဘီလ်ဘာအိုကို ၁-၀ ဖြင့်နိုင်ပြီး ခြောက်မှတ်ရရှိထားသည်။

နေမာသည် ယခုနှစ်တွင်ဘာစီလိုနာနှင့်ပွဲထွက်ကစားရခြင်းမရှိသေးသော်လည်း နွေရာသီအတွင်းက အသင်းပြောင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် ယင်းကစားသမားကို ပြန်လည်တွေ့မြင်ရခြင်းက ဘာစီလိုနာ ပရိသတ်များအတွက် စိတ်ကျေနပ်မှုရ စေမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly