နေထွက်သည်နှင့် ဆီးရီးယားစစ်မက် တိုက်ခိုက်မှု အဆုံးသတ် အမေရိကန်နှင့် ရုရှသဘောတူ

နေထွက်သည်နှင့် ဆီးရီးယားစစ်မက် တိုက်ခိုက်မှု အဆုံးသတ် အမေရိကန်နှင့် ရုရှသဘောတူ

ဒမတ်စကပ်၊ စက်တင်ဘာ ၁၀ ။                  ။ စက်တင်ဘာ ၁၉ ရက်နေ့၌ နေ့ထွက်ချိန်ကစကာ ဆီးရီးယား၌ စစ်မက်တိုက်ခိုက်မှုများ အဆုံးသတ်ရန် သဘောတူညီမှု ရရှိကြောင်း ရုရှနှင့် အမေရိကန်တို့   ကြေညာသည်။

အစဉ်အစီအရ ဆီးရီးယားအစိုးရအနေဖြင့် အတိုက်အခံများ သိမ်းပိုက်ထားရာ နယ်မြေများတွင် တိုက်ပွဲများ ဆင်နွှဲနေခြင်းအား အဆုံးသတ်ရမည်ဖြစ်သည်။

အိုင်အက်စ်အဖွဲ့နှင့် အယ်နူဆာ တိုက်ခိုက်ရေးသမားများအား တိုက်ခိုက်ရေးအတွက်မူ ရုရှနှင့် အမေရိကန်တို့ ပူးပေါင်းစင်တာ တစ်ရပ်အား တည်ထောင်သွားမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်တို့၏ တွေ့ဆုံဆွေးနွေးအရ ကြေညာလိုက်ခြင်းဖြစ်သည်။

ယခု သဘောတူညီမှုအရ အစိုးရနှင့် အတိုက်အခံနှစ်ရပ်စလုံးက လုပ်ငန်းစဉ်အပေါ် လိုက်နာရန် လိုကြောင်း ဂျွန်ကယ်ရီက ပြောသည်။ အဆိုပါ သဘောတူုညီမှုတွင် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်သွားရေးလည်း ပါဝင်သည်။

“စစ်မက်အဆုံးသတ်မှုကို အလီပိုအပါအဝင် သိမ်းပိုက်ခံ နယ်မြေအားလုံး၊ လက်လှမ်းမမီတဲ့ ဒေသတွေအထိပါ အကျုံးဝင်မှာဖြစ်ပါတယ်။”ဟု ဂျွန်ကယ်ရီက ဆိုသည်။

ထိုသို့ အပစ်ရပ်ထားပြီးနောက် ခုနစ်အကြာတွင် ရုရှနှင့် အမေရိကန်တို့က အိုင်အက်စ်နှင့် အယ်ခိုင်ဒါ၏ မဟာမိတ်တပ်ဖြစ် အယ်နူဆာအဖွဲ့များအား တိုက်ထုတ်သွားရေး ပူးတွဲစင်တာကို တည်ထောင်မည်ဖြစ်သည်။

ထိုပူးတွဲစင်တာသည် အလယ်အလတ် အတိုက်အခံ သမားများကြားမှ အကြမ်းဖက်သမားများကို ခွဲထွက်ပစ်ကာ ရုရှနှင့် အမေရိကန်လေတပ်များက ထိုအကြမ်းဖက်သမားများ ပူးပေါင်းလေကြောင်းစစ်များ ဆင်နွှဲသွားမည်ဖြစ်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags