တရုတ်က မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုကို ပြတ်ပြတ်သားသား ရှုတ်ချ

တရုတ်က မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုကို ပြတ်ပြတ်သားသား ရှုတ်ချ
(ဓာတ်ပုံ - အီးပီအေ)

သောကြာနေ့က ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယားက တရားဝင် ကြေညာခဲ့တဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆန့်ကျင်ရှုတ်ချလိုက်ပါတယ်။

အစောပိုင်းက မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ကွင်းအနီး ပေါက်ကွဲမှု အင်အား (၅.၃) ပြင်းအားနှင့်ညီမျှတဲ့ မြေငလျင် လှုပ်တာလိုမျိုး တုန်ခါသွားတာကို အမေရိကန် ဘူမိဗေဒ (USGS) က သောကြာနေ့က တိုင်းတာရရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နျူကလီးယား စမ်းသပ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယားက တရားဝင် ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလအပါအဝင် ငါးကြိမ်မြောက် နျူကလီယားဗုံး စမ်းသပ်မှုဖြစ်ပါတယ်။

စမ်းသပ်တဲ့ နေရာကတော့ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနယ်စပ်မှ ကီလိုမီတာ (၁၀၀) လောက်မှာ တည်ရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြောက်ကိုရီးယား ကျွန်းဆွယ်ရဲ့ နျူကလီးယားလက်နက် တပ်ဆင်မှု ဖယ်ရှားဖို့ စဉ်းစားရန်၊ နျူကလီယား ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်နှင့် အာရှ အနောက်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့ ထည့်သွင်းပြောကြားသွားပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး မဟာမိတ်ဖြစ်နေပေမယ့် အထူးသဖြင့် နျူကလီယားစမ်းသပ်မှုတွေ ထပ်ခါတလဲလဲ ပြုလုပ်လာတာပြီးနောက်မှာ မကြာသေးမီအချိန်များမှာတော့  နှစ်နိုင်ငံဆက်ဆံရေး အေးခဲလာပါတယ်။

မတ်လက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြုံယမ်းကို ဆန့်ကျင် ပိတ်ဆို့ အရေးယူမှုများ ချတ်မှတ်ထားခဲ့ပြီး နှစ် (၂၀) အတွင်း အပြင်းထန်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့ ချမှတ်မှုတွေကို လိုက်နာဖို့ မြောက်ကိုရီးယားကို တရုတ်က ပြင်းပြင်းထန်ထန် တိုက်တွန်းထားပြီး အခြေအနေကို ပိုမိုဆိုးရွားနိုင်စေတဲ့ လှုပ်ရှားမှုအားလုံးကို ရပ်တန့်ဖို့ တရုတ်ဝန်ကြီးဌာနက ပြောပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags