စိန်ခေါ်မှုများ ကြံုနေရသည့်အတွက် ရခိုင်လူမျိုးများ စည်းလုံးကြရန် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော

စိန်ခေါ်မှုများ ကြံုနေရသည့်အတွက် ရခိုင်လူမျိုးများ စည်းလုံးကြရန် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော
ဓာတ်ပံုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ စက်တင်ဘာလ ၉ ။         ။ ရခိုင် လူမျိုးများအနေဖြင့် အခက်အခဲစိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့်အတွက် ရခိုင်လူမျိုးအချင်းချင်း စည်းလုံး ညွှတ်ကြပြီး အခက်အခဲကို ဖြတ်ကျော်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က တိုက်တွန်းပြောကြား လိုက်သည်။

(၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး၍ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ ဦးဥတ္တမပန်းခြံတွင် စက်တင်ဘာလ ၉ ရက်၊ မွန်းလွဲ ၁ နာရီမှ ၅နာရီထိ ကျင်းပပြုလုပ်စဉ်တွင် ဝန်ကြီးက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

"အခုချိန်မှာ ရခိုင်လူမျိုးတွေဟာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတယ်၊ ဒါကို ရခိုင်လူမျိုးတွေက လက်ချင်းချိတ်ပြီး စည်းလုံး ညီညွှတ်မှုနဲ့ ကျော်ဖြတ်ရမယ်၊ရခိုင်လူမျိုးဟာ အခုသုံးသန်းကျော်ပဲရှိတယ်၊ကျွန်တော်မသေခင် ရခိုင်လူမျိုး ၆သန်းကျော် တာ မြင်ချင်ပါတယ်၊ ရခိုင်လူမျိုးအချင်းချင်း ကြိုက်ကြပါ၊ ယူကြပါ၊ ရခိုင်ဆိုင်တွေမှာ အားပေးပါ၊ ရခိုင်အဝတ် ဝတ် ကြပါ၊ ရခိုင်လူမျိုး အချင်းချင်းလည်း တန်ဖိုးထားကြပါ၊" ဟု ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြော ကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို အစီအစဉ် ၁၇ ခုဖြင့် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်အမျိုးသား ပါတီမှ တာဝန်ရှိသူများ၊ ၈၈ ငြိမ်း/ပွင့်မှ ဦးကိုကိုကြီး အပါအဝင် အရပ်ဖက် လူမှုအဖွဲ့ အစည်းများနှင့် ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်း သား သောင်းချီတက်ရောက်ခဲ့ပြီး ရဟန်းသံဃာတော်များစွာလည်း တက်ရောက်ခဲ့ကြသည်။

နံနက်ပိုင်းတွင် ရခိုင်ဓမ္မာရုံ၌ ဆရာတော် သံဃာတော်တို့ကို ပင့်ဖိတ်၍ နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ဆရာတော် ဦးဥတ္တမ ရုပ် တု ကိုလည်း ရခိုင်ဓမ္မာရုံမှတဆင့် ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ ဦးဥတ္တမပန်းခြံသို့ ပင့်ဆောင်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ဆ ရာတော် ဦးဥတ္တမရုပ်တုကို ပန်းခြင်းများဖြင့် ပူဇော်ခဲ့ကြပြီး ရခိုင်ရိုးရာတေးသီချင်းများ၊ ရိုးရာစည်များတီးခတ်ကာ လာ ရောက်သူများကို ဖျော်ဖြေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly