မြစ်ဆုံ ရေကာတာ စီမံကိန်း ရာသက်ပန် ရပ်ဆိုင်းရန် မြစ်ဆုံ ဒေသခံများ တောင်းဆို

မြစ်ဆုံ ရေကာတာ စီမံကိန်း ရာသက်ပန် ရပ်ဆိုင်းရန် မြစ်ဆုံ ဒေသခံများ တောင်းဆို
ဓာတ်ပုံ-ခွန်းအောင်
 

ချင်းမိုင်၊ စက်တင်ဘာ ၉ ။           ။ မြစ်ဆုံရေကာတာ စီမံကိန်း ရာသက်ပန် ရပ်ဆိုင်းရန်နှင့် မြစ်ဆုံ ဒေသခံများ မူလနေရာတွင် လုပ်ကိုင် စားသောက်နိုင်ရန် စီမံကိန်းကြောင့်   ရွှေ့ပြောင်းခံရသော ဒေသခံ ပြည်သူများက စက်တင်ဘာလ ၉ ရက်နေ့တွင် သတင်း စာရှင်းလင်းပွဲ ပြု လုပ်၍ တောင်းဆိုလိုက်သည်။

“ကျမတို့ မြစ်ဆုံစီမံကိန်း ရာသက်ပန် ရပ်ဆိုင်းဖို့ရယ်၊ ပြီးရင် ကျမတို့ မြစ်ဆုံပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေက ကျမတို့ ဒေသမှာ ကျမတို့ကို လွှတ်လွတ်လပ်လပ် နေထိုင်ဖို့၊ မူလနေရာ ကျမတို့ ပိုင်ဆိုင်နေထိုင်ခွင့်ရရှိဖို့ ကျမတို့ သဘောာ တွေ သတင်းစာရှင်းလင်းပွဲ လုပ်တယ်ပေါ့” ဟု ဇင်လွမ်းကော်မတီ(Zin lum Committee)မှ ဒုတိယ တာဝန်ခံ ဒေါ်ဂျာခေါန်က ပြောသည်။

အဆိုပါ Zin lum Committee သည် မြစ်ဆုံရေကာတာ စီမံကိန်း ဖျက်သိမ်းပေးရေးနှင့် ဒေသခံများ မူလနေရာများ ပြန် လည် ရရှိရေးအတွက် လုပ်ဆောင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်း ပတ်ဝန်းကျင်ရှိ ဒေသခံများ မူလနေရာတွင် ပိုင်ဆိုင်လုပ်ကိုင်စားသောက်နိုင်ရန်နှင့် မြစ်ဆုံစီမံ ကိန်းကို ရာသက်ပန် ရပ်ဆိုင်းရန်အတွက် အစိုးရ အဆက်ဆက်အား တိုက်တွန်းသွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်း လင်းပွဲတွင် သဘောထားများကို ဖတ်ကြားခဲ့သည်။

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိပြီး လက်ရှိ ၎င်းတို့ ပြောင်းရွှေ့ နေ ထိုင်နေသော နေရာတွင် လုပ်ကိုင်စားသောက်မည့် မြေနေရာများ မရှိသဖြင့် စားဝတ်နေရေး အခက်အခဲများ ရှိနေ သည် ဟု ဒေါ်ဂျာခေါန်က ပြောသည်။

“အခက်အခဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျမတို့ ဒေသမှာက ကျမတို့ နေရာကို ဘာနဲ့မှ မလဲနိုင်ဘူး။ ဒီအောင်မြင် သာရွာမှာက လုပ်ကိုင်စားသောက်ဖို့ခက်တယ်။ တောင်ယာလုပ်စားဖို့ လယ်လုပ်စားဖို့ မရှိဘူး။ ဒါကြောင့် နဂိုမူလနေရာ ကိုဘဲ သွားပြီးတော့လုပ်ကိုင်စားသောက်နေရတာပေါ့”ဟု သူက ပြောသည်။

အစိုးရအနေဖြင့် မြစ်ချောင်းများ အပါအဝင် တိုင်းရင်းသားဒေသများရှိ သဘောဝ သယံဇာတများ ရောင်းချခြင်းကို ရပ် ဆိုင်းရန်နှင့် မြစ်ဆုံ စီမံကိန်းကို ဖျက်သိမ်းကြောင်း ချက်ချင်းကြေငြာသင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုး သမီး အစည်းအရုံး(KWAT)ကလည်း စက်တင်ဘာလ ၉ ရက်နေ့ ကျရောက်သော KWAT ၏ ၁၇ နှစ်မြောက် နှစ်ပတ် လည်နေ့တွင် ကြေငြာချက်ုထုတ်ပြန်၍ တောင်းဆိုထားသည်။

“မြစ်ဆုံ စီမံကိန်းလုပ်ခြင်းဖြင့် ရေရှည်မှာ လူထုအတွက် အကျိုးရလဒ်မရှိဘူး။ ဒေသခံတွေအတွက်လည်း လုပ်ကိုင် စား သောက်မဲ့နေရာ မရှိဘူး။ အခုဆိုရင်လည်း ခြောက်သွေ့လာတဲ့ အခြေအနေတွေ ကြီးလာတယ်။ သဘောဝပတ် ဝန်းကျင် အခြေအနေတွေက အရင်လို မဟုတ်တော့ဘူး။ အထူးသဖြင့် လူထုအတွက် အကျုးိမရှိတဲ့ စီမံကိန်းကြီးကို ရပ်ဖို့ ကျမတို့ တောင်းဆိုရတာ ဖြစ်ပါတယ်”ဟု KWAT မှ အထွေထွေအတွင်းရေးမှူး ဒေါ်မွန်းနေလီက မဇ္ဈိမကို သည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်မှုများရှိခဲ့သဖြင့် ဦးသိန်းစိန် အစိုးရလက်ထက်က ယာယီရပ်ဆိုင်းထားခြင်း ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly