လီဗာပူးလ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို မန်နီရရှိ

လီဗာပူးလ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို မန်နီရရှိ

စက်တင်ဘာ ၈၊ လီဗာပူးလ်။           ။ သြဂုတ်လအတွက် လီဗာပူးလ်အသင်း၏တစ်လတာအကောင်းဆုံးကစားသမားဆုကို ကစားသမားသစ် မန်နီက ရရှိသွားသည်။

ယင်းတိုက်စစ်ကစားသမားသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပေါင်သန်း ၃၀ ဖြင့်ရောက်လာပြီးနောက် လီဗာပူးလ် အသင်း၏ တတိယဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွင် လီဗာပူးလ်နှင့်အာဆင်နယ်တို့နှစ်သင်းပေါင်းသွင်းဂိုး ခုနစ်ဂိုးရခဲ့ကြသည့်ပွဲတွင် မန်နီလည်း တစ်ဂိုးသွင်းနိုင်ခဲ့သည်။

“အဓိပ္ပါယ်အများကြီးရှိပါတယ်။ အသင်းအတွက်အကောင်းဆုံးပေးဆပ်နိုင်ဖို့ နေ့တိုင်းပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်။ ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။

ပရိသတ်တွေပျော်ရွှင်အောင် ကျွန်တော်တို့လုပ်ရမယ်။ ဒီဆုအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် မဲပေးခဲ့ကြတဲ့ ပရိသတ်တွေကိုပေါ့။ ဆုရခဲ့လို့ အရမ်းပျော်ပါတယ်”ဟု ဆီနီဂေါကစားသမား မန်နီက ပြောသည်။

မဲပေးကြသည့် လီဗာပူးလ်ပရိသတ်များအနက် ၇၇ ရာခိုင်နှုန်းက အသက် ၂၄ နှစ်အရွယ်ကစားသမားကိုရွေးချယ်ခဲ့ကြပြီး ၁၁ ရာခိုင်နှုန်းက ကော်တင်ဟိုကို ရွေးချယ်ခဲ့ကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags