အမေရိကန်တို့ အလိုရှိနေသော သံသယရှိ အကြမ်းဖက်သမားတစ်ဦး အာဂျင်တီးနားတွင် ထိန်းသိမ်းခံရ

အမေရိကန်တို့ အလိုရှိနေသော သံသယရှိ အကြမ်းဖက်သမားတစ်ဦး အာဂျင်တီးနားတွင် ထိန်းသိမ်းခံရ

စက်တင်ဘာ၈ ။                     ။ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုရှိနေသည်ဟု သံသယဖြင့် အမေရိကန်တို့ အလိုရှိနေသော လက်ဘနွန်နိုင်ငံသားတစ်ဦးကို စက်တင်ဘာလ ၇ ရက်က အာဂျင်တီးနား နိုင်ငံတကာလေဆိပ်တွင် ထိန်းသိမ်းထားလိုက်နိုင်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ခါလီ မိုဟာမက် အယ်လ်ဆေယက်ဒ် ဆိုသူ အဆိုပါ သံသယရှိအကြမ်းဖက်သမားသည် အာဂျင်တီးနားနိုင်ငံတွင်းသို့ ပါရာဂွေးနိုင်ငံသား အထောက်အထားတုဖြင့် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ပြီးနောက် ၎င်းအား သက်ဆိုင်ရာတာဝန်ရှိသူများက သိရှိထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းအား အမေရိကန်က ဖမ်းဆီးရန် ညွန်ကြားချက်တစ်ခု ထုတ်ပြန်ထားပြီး ခေါ်ယူမေးမြန်းလိုနေသည်ဟု အာဂျင်တီးနားသတင်းဌာန Telam က ဖော်ပြသည်။  ယင်းသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အယ်လ်ဆေယက်ဒ်အား တရားမဝင် မူးယစ်ကုန်ကူးမှု၊လက်နက် ရောင်းချမှုတို့ဖြင့် ဘရာဇီးအာဏာပိုင်တွေကလည်း အလိုရှိ နေသည်ဟုလည်း  သိရသည်။

ယခုအခါ ဘရာဇီး၊ ပါရာဂွေး၊ အာဂျင်တီးနား သုံးနိုင်ငံ နယ်စပ်ဒေသသည် တရားမဝင် မူးယစ်ဆေးနှင့် လက်နက်ရောင်းချမှုတို့ လုပ်ဆောင်ရာ အချက်အချာနေရာဖြစ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags