အာစင်ဝင်းဂါးနေရာတွင် ဆက်ခံနိုင်သူအဖြစ် အက်ဒီဟိုဝီ စဉ်းစားခံနေရ

အာစင်ဝင်းဂါးနေရာတွင် ဆက်ခံနိုင်သူအဖြစ် အက်ဒီဟိုဝီ စဉ်းစားခံနေရ

စက်တင်ဘာ ၇၊ လန်ဒန်။           ။ ဘုန်းမောက်နည်းပြ အက်ဒီဟိုဝီသည် အာဆင်နယ်အသင်းတွင် နည်းပြအာစင်ဝင်းဂါး၏နေရာကို ဆက်ခံနိုင်သူအဖြစ် စဉ်းစားခံ နေရသည်ဟု The Sun သတင်းစာက ဖော်ပြထားသည်။

ဟိုဝီသည် ဘုန်းမောက်အသင်း ချန်ပီယံရှစ်မှ တန်းတက်လာကတည်းက ပရီးမီးယားလိဂ်တွင် စွမ်းဆောင်ပြထားမှုများကြောင့် နည်းပြကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံနေရသူဖြစ်သည်။

သို့ဖြစ်ရာ ယခုနှစ်နွေရာသီတွင် အာဆင်နယ်အသင်းကို အာစင်ဝင်းဂါးစွန့်ခွာသွားခဲ့ပါက ဟိုဝီကိုနည်းပြအဖြစ် အာဆင်နယ်ဘုတ် အဖွဲ့က စဉ်းစားနေခြင်းဖြစ်သည်။

ပြင်သစ်လူမျိုးနည်းပြအာစင်ဝင်းဂါး၏ လက်ရှိစာချုပ်သက်တမ်းမှာ ယခုနှစ်ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်း တိုးမည်ဟု ယူဆရသည်။

အကယ်၍ နည်းပြရာထူးကိုစွန့်ခွာဖြစ်လျှင် အာဆင်နယ်အသင်း၌ အခြားရာထူးတစ်ခုကိုတာဝန်ယူဖွယ်ရှိသည်ဟု The Sun သတင်းစာက သုံးသပ်ခဲ့သည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags