မန်စီးတီးတွင် ဂွာဒီယိုလာအောင်မြင်မည်ဟု အင်နီယေစတာထောက်ခံ

မန်စီးတီးတွင် ဂွာဒီယိုလာအောင်မြင်မည်ဟု အင်နီယေစတာထောက်ခံ

စက်တင်ဘာ ၇၊ ဘာစီလိုနာ။            ။ ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်းနှင့်အတူ ဂွာဒီယိုလာအောင်မြင်မည်ကို သံသယမရှိဟု ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာက ပြောသည်။

ဂွာဒီယိုလာ၏မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ရာသီအစပိုင်းတွင် ရလဒ်ကောင်းများရရှိနေပြီး သုံးပွဲကစား၊ သုံးပွဲအနိုင် ရလဒ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးရောက်နေသည်။

ဂွာဒီယိုလာ၏လက်အောက်တွင် ၂၀၀၈ မှ ၂၀၁၂ အတွင်းကစားခဲ့ဖူးသည့် အင်နီယေစတာက နည်းပြဟောင်းအပြင် စပိန် အသင်းဖော်ဆေးလ်ဗားကိုပါ ထောက်ခံခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုလုပ်ရကိုင်ရမလဲဆိုတာကို ဂွာဒီယိုလာကသိပြီး အင်္ဂလန်မှာလည်းလုပ်နိုင်မှာသေချာတယ်။ သူ့မှာ လိဂ်အကြောင်းကို သိတဲ့ အာတီတာလို လက်ထောက်ကိုလည်းရထားတယ်။

ကောင်းမွန်တဲ့ကစားသမားအင်အားဖြည့်တင်းမှုလုပ်ထားပြီး လူစာရင်းလည်းတောင့်တယ်။ ဘာစီလိုနာမှာအသင်းဖော်ဟောင်းဖြစ် ဖူးတဲ့ စပိန်အသင်းဖော်နိုလီတိုအကြောင်းကိုလည်း ကျွန်တော်သိတယ်။ တာထွက်ကောင်းနေတာကို သူဆက်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်။

ဆေးလ်ဗားကလည်း ကျွန်တော်လေးစားရတဲ့ ကစားသမားတစ်ယောက်ပါ”ဟု အင်နီယေစတာက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly