ဝေးလ်နိုင်ငံအတွက် သမိုင်းသစ်များထပ်ရေးရန် အချိန်ကျပြီဟု ဂါရတ်ဘေးလ်ပြော

ဝေးလ်နိုင်ငံအတွက် သမိုင်းသစ်များထပ်ရေးရန် အချိန်ကျပြီဟု ဂါရတ်ဘေးလ်ပြော

စက်တင်ဘာ ၆၊ ဝေးလ်  ။             ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မော်ဒိုဗာအသင်းကို လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် ဝေးလ်အသင်းတိုက်စစ်မှူး ဂါရတ်ဘေးလ်က ဝေးလ်နိုင်ငံအတွက် သမိုင်းသစ်များထပ်မံရေးထိုးရန် အချိန်ကျရောက်ပြီဟု ပြောဆိုလိုက်သည်။

အဆိုပါပွဲစဉ်တွင် ဂါရတ်ဘေးလ်မှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ဂျိုးအလန်နှင့် ဆမ်ဗုပ်စ်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြသည်။

ဝေးလ်အသင်းသည် ပြိုင်ပွဲကြီးများနှင့် ၅၈ နှစ်ကြာဝေးကွာနေရာမှ ပထမဆုံးပြန်လည်ဝင်ရောက်ခွင့်ရသည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိရောက်ရှိခဲ့သည်။ ဝေးလ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်မရခဲ့သည်မှာလည်း ၁၉၅၈ ခုနှစ်ကတည်းက ဖြစ်သည်။

‘ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရလဒ်ကောင်းနဲ့စတင်နိုင်ခဲ့တာက အလွန်အရေးပါ ပါတယ်။ ပြီးခဲ့တဲ့ကာလတွေတုန်းက ကျေနပ်ပျော်ရွှင်ခဲ့ရသလို အခု သမိုင်းသစ်ထပ်ရေးဖို့ အချိန်ကျပါပြီ။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေက အလွန်ခက်ခဲမယ်ဆိုတာသိပါတယ်။ အသင်းတွေက အနိုင်ယူဖို့လည်း ခက်ပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကို ဘယ်လိုကစားရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်’ ဟု ဘေးလ်က ပြောဆိုခဲ့သည်။

ဝေးလ်နိုင်ငံအတွက် ဘေးလ်သွင်းယူထားသည့် စုစုပေါင်း ဂိုးအရေအတွက်မှာ ၂၄ ဂိုးရှိသွားပြီဖြစ်ပြီး အီရန်ရှပ်၏စံချိန်ကို လိုက်မီရန် လေးဂိုးသာ လိုအပ်တော့သည်။ ထိုစံချိန်ကို ဂါရတ်ဘေးလ် ချိုးနိုင်လိ့မ်မည်ဖြစ်ကြောင်း စံချိန်ရှင် အီရန်ရှပ်နှင့် ဝေးလ်နည်းပြ ကိုးလ်မန်းတို့နှစ်ဦးစလုံးက ပြောဆိုထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly