ဆီးရီးယားရှိ အစိုးရထိန်းချုပ်ထားသော ဒေသများအတွင်း ပေါက်ကွဲမှုများဖြစ်ပွား၍ လူ ၃၈ ဦးထက်မနည်းသေဆုံး

ဆီးရီးယားရှိ အစိုးရထိန်းချုပ်ထားသော ဒေသများအတွင်း ပေါက်ကွဲမှုများဖြစ်ပွား၍ လူ ၃၈ ဦးထက်မနည်းသေဆုံး

စက်တင်ဘာ ၅ ။                       ။ ဆီးရီးယားနိုင်ငံတွင် အစိုးရနှင့် ကာဒစ်ရှ် တပ်ဖွဲ့တို့ ထိန်းချုပ်ထားရာ ဧရိယာများထဲတွင် ပေါက်ကွဲမှုများဖြစ်ပွား၍ အနည်းဆုံး လူ ၃၈ ဦး   သေဆုံးသွားကြောင်း   နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြသည်။

ပေါက်ကွဲမှုများသည် ကမ်းရိုးတန်းမြို့ တာတော့စ်နှင့် ကာဒစ်ရှ်တို့ ထိန်းသိမ်းထားသော အရှေ့မြောက်မြို့ ဟက်ဆာကက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တာတော့စ်မြို့တွင် ဖြစ်ပွားသော ပေါက်ကွဲမှုများတွင် အသေအပျောက်များကြောင်းလည်း သိရသည်။

ဖြစ်စဉ်တွင် ကားဗုံးကွဲမှုတစ်ခု ပထမပေါ်ပေါက်ခဲ့ကြောင်းနှင့် ယင်းနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန် နောက်ထပ် အသေခံဗုံးခွဲသမားက  ဝင်ရောက်ဖောက်ခွဲသွားခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ဆီးရီးယားပြည်တွင်းနှင့် အဆက်အသွယ်များ ပြုလုပ်ထားနိုင်သည်ဆိုသော ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏အဆိုအရ သေဆုံးသူဦးရေမှာ ၄၇ ဦးထိရှိ   နေပြီဟုလည်း သိရသည်။

ပဋိပက္ခစစ်ပွဲများ ဖြစ်ပွားနေခဲ့သော ဆီးရီးယားတွင် ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်စဉ်များသည် မကြာခဏ ဆိုသလို ယခင်ကလည်း ပေါ်ပေါက်ထားခဲ့ပြီး အိုင်အက်စ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags