ပဲ့ထိန်းဒုံးသုံးစင်း မြောက်ကိုရီးယားတို့ ပစ်လွှတ်ပြန်ဟု တောင်ကိုရီးယား ပြော

ပဲ့ထိန်းဒုံးသုံးစင်း မြောက်ကိုရီးယားတို့ ပစ်လွှတ်ပြန်ဟု တောင်ကိုရီးယား ပြော

စက်တင်ဘာ ၅ ။             ။ မြောက်ကိုရီးယားတို့သည် စက်တင်ဘာ ၅ ရက်က ယင်း၏ အရှေ့ဘက်ကမ်းရိုးတန်းပြင်ပ ပင်လယ်ပြင်တွင်းသို့ ပဲ့ထိန်းဒုံးသုံးစင်းကို ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ် ကွပ်ကဲရေးရုံးမှ ထုတ်ပြန်ပြောကြားသည်။

ယင်းဒုံးများကို ပြုံယမ်းမြို့ တောင်ပိုင်းရှိ ဒေသတစ်ခုမှ ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဖော်ပြခဲ့ခြင်းမရှိပေ။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့ရှိ ကမ္ဘာ့ခေါင်းဆောင်ကြီးများ တွေ့ဆုံပွဲတွင် တရုတ်နှင့် တောင်ကိုရီးယားတို့ ခေါင်းဆောင်များ သီးခြားတွေ့ဆုံမှုအပြီး နာရီအနည်းငယ်အကြာတွင် မြောက်ကိုရီးယားတို့၏ ဒုံးကျည်ပစ်လွှတ်မှုပေါ်ထွက်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားတွင် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်ဖြန့်ကျက်မည့်အစီအစဉ်ကို ကန့်ကွက်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က တောင်ကိုရီးယားသမ္မတ ပက်ဂွန်းဟေးကို နိုင်ငံတွင်ပြုလုပ်နေသော ဂျီ၂၀ အစည်းအဝေး၌ ပြောကြားခဲ့သည်ဟုလည်း သိရသည်။

အမေရိကန်နှင့်တောင်ကိုရီးယားတို့မှာ ယင်းဒုံးခွင်းဒုံးစနစ် ချထားမည့်အစီအစဉ်ကို ဇူလိုင်လအတွင်းက နောက်ဆုံး ဆုံးဖြတ်ချက်ချထားပြီးဖြစ်ရာ ယင်းစနစ်ဖြင့် မြောက်ကိုရီးယားဘက်မှ ဒုံးကျည်နှင့် နျူခြိမ်းခြောက်မှုများကို တန်ပြန်နိုင်ရန် ရည်ရွယ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly