မာသာထရီဇာအား စိန့်သူတော်စင်အဖြစ် ပုပ်ရဟန်းမင်းကြီး ကြေညာ

မာသာထရီဇာအား စိန့်သူတော်စင်အဖြစ် ပုပ်ရဟန်းမင်းကြီး ကြေညာ

ဗာတီကန်၊ စက်တင်ဘာ ၅ ။                   ။ အိန္ဒိယနိုင်ငံအတွင်း ဆင်းရဲသားလူတန်းစားများအတွက် ကူညီပေးခြင်းအားဖြင့် လေးစားခြင်းခံရသော မာသာထရီဇာအား ဗာတီကန်က အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးက စိန့်သူတော်စင်အဖြစ် ကြေညာသတ်မှတ်လိုက်သည်။

ကိုယ်ဝန်ဆောင်များ၊ ရောဂါသည်များနှင့် စွန့်ပစ်ခံများအတွက် မာသာထရီဇာသည် ရပ်တည်ခဲ့သူဖြစ်ကြောင်း၊ ဆင်းရဲခေါင်းပါးမှု ပြဿနာများအတွက် ကမ္ဘာ့ခေါင်းဆောင်များအား အရှက်ရစေခဲ့သူဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောသည်။

စိန့်ပီတာ ရင်ပြင်တွင် ကျင်းပပြုလုပ်သော သူတော်စင်သတ်မှတ်ပွဲသို့ ထောင်ပေါင်းများစွာသော ပြည်သူများ တက်ရောက်ခဲ့သည်။ အခမ်းအနားပွဲတွင် ဘုန်းတော်ကြီး အိန်ဂျလိုအာမတ်တိုက မာသာထရီဇာ၏ ဘဝဖြစ်စဉ်ကြောင်း ဖတ်ကြားပြီးနောက် စိန့်သူတော်စင်တစ်ဦးအဖြစ်သို့ သတ်မှတ်ရန် ပုပ်ရဟန်းမင်းကြီးထံ တောင်းခံသည်။

ပုပ်ရဟန်းမင်းကြီးက “ကိုယ်တော်တို့က ကောင်းမြတ်သော ထရီဇာအတွက် စိန့်သူတော်စင်အဖြစ် ကြေညာတယ်။ မာသာထရီဇာအား စိန့်သူတော်စင်များကြားမှာ ပါဝင်သည့် သူတော်စင်တစ်ဦးအဖြစ် ရိုသေအလေးအမြတ်ပြုခံထိုက်တယ်။”ဟု တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မာသာထရီဇာသည် အိန္ဒိယတွင် ဆင်းရဲသားများအတွက် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags