ဟောင်ကောင်တွင် ရွေးကောက်ပွဲမဲများ စတင်ရေတွက်

ဟောင်ကောင်တွင် ရွေးကောက်ပွဲမဲများ စတင်ရေတွက်

ဟောင်ကောင်၊ စက်တင်ဘာ ၅ ။                    ။ ၂၀၁၄ ခုနှစ်က ဒီမိုကရေစီ ဆန္ဒပြပွဲဖြစ်ပွားသည့် ဟောင်ကောင်တွင် ပထမဆုံးအဓိကရွေးကောက်ပွဲအား ကျင်းပပြီးစီးကာ မဲများ စတင်   ရေတွက်နေပြီဖြစ်သည်။

၁၉၉၇ ခုနှစ် တရုတ်လက်အောက် ပြန်ရောက်ချိန်မှစကာ ပါဝင်မဲပေးသူအများဆုံးဖြစ်သည့် ရွေးကောက်ပွဲဖြစ်၍ မဲရလဒ်ကြေညာရန် အချိန်ပိုကြန့်ကြာစေသည်။  မဲပေးနိုင်သူ ၃ ဒဿမ ၈ သန်း၏ ၅ ဒဿမ ၈ ရာခိုင်နှုန်း ပါဝင်မဲပေးခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က ၄၅ ဒဿမ ၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

တရုတ်နှင့် ဆက်ဆံရေးနှင့် ပတ်သက်ပြီး ရပ်တည်ချက်များအားဖြင့် အဓိကပါတီများက ယှဉ်ပြိုင်လျက်ရှိခြင်းဖြစ်သည်။ မဲရုံများ ပြင်ပတွင် ကြီးမားသောလူတန်းကြီးဖြစ်နေကာ မဲရုံများ တရားဝင်ပိတ်ပြီး လေးနာရီနီးပါးကြာသည့်တိုင်အောင် လူတစ်ချို့ မဲမပေးရဘဲ ရှိခဲ့သည်။

ပြည်သူတစ်ချို့က မဲရွေးကောက်ပွဲ မဲပေးမှု စီစဉ်ပုံမှာ ညံ့ဖျင်းသည်ဟု ပြောကြကြောင်း South China Morning Post သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags