ဘာစီလိုနာအသင်းဆီ သံတမန်တစ်ဦးအနေနဲ့ ပြန်လည် ရောက်ရှိလာတဲ့ ရော်နယ်လ်ဒင်ဟို

ဘာစီလိုနာအသင်းဆီ သံတမန်တစ်ဦးအနေနဲ့ ပြန်လည် ရောက်ရှိလာတဲ့ ရော်နယ်လ်ဒင်ဟို
(ဓာတ်ပုံ - အီးပီအေ)

၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ဘာစီလိုနာအတွက် အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်လ်ဒင်ဟိုဟာ အသင်းဟောင်းဆီ အသင်းသံတမန်တစ်ဦးအနေနဲ့ ပြန်လည် ရောက်ရှိလာပါတယ်။

ဘာစီလိုနာဟာ စက်တင်ဘာလ ၆ ရက်နေ့မှာ နိုင်ငံတကာမှာ အသင်း တိုးတက်မြှင့်တင်ဖို့  နယူးယောက်တွင် ဖွင့်လှစ်မယ့် အသင်းရုံးခွဲသစ်အတွက် ရော်နယ်လ်ဒင်ဟိုကို သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဘာစီလိုနာမှာ (၅) ရာသီကစားခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုဟာ (၂၀၇)ပွဲကစား၊ (၉၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ လာလီဂါ အမှတ်ပေး ချန်ပီယံ (၂)ကြိမ်၊ စပိန်စူပါဖလား (၂)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ရရှိခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုဟာ ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာကနေ ထွက်ခွာသွားတဲ့နောက်ပိုင်း နောက်ဆုံး ၅ နှစ်အတွင်း ကလပ် (၅) ခုမှာ ကစားခဲ့ပြီး အခုလို သံတမန်တစ်ဦးအနေအဖြစ် အသင်းဟောင်းဆီ ပြန်လည် ရောက်ရှိလာတာဖြစ်ပါတယ်။

Ref; foxsports, Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags