စင်ကာပူ၌ ဇီကာပိုးကူးစက်သူ နှစ်ရာနီးပါး ရှိသွားပြီ

စင်ကာပူ၌ ဇီကာပိုးကူးစက်သူ နှစ်ရာနီးပါး ရှိသွားပြီ

စင်ကာပူ၊ စက်တင်ဘာ ၃ ။             ။ စင်ကာပူနိုင်ငံတွင် စက်တင်ဘာ ၂ ရက်၌ ဇီကာဖြစ်ပွားသူ ၃၈ ဦး အသစ်တွေ့ရှိသဖြင့် စုစုပေါင်း ကူးစက်ဖြစ်ပွားသူဦးရေသည် ၁၈၉ ဦးအထိ ရှိသွားပြီဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီတို့ ပူးတွဲထုတ်ပြန်ချက်၌ စက်တင်ဘာ ၂ ရက်တွင် ဇီကာဖြစ်ပွားသူ ၃၈ ဦး ထပ်မံတွေ့ရှိကြောင်း ဖောြ်ပသည်။

ရောဂါပိုးမွှားနှိမ်နှင်းဆေးပက်ဖျန်းခြင်းက ဇီကာမပျံ့နှံ့အောင် လျှော့ချမှုအဖြစ် အဓိကလုပ်ငန်းအဖြစ်ရှိနေကြောင်း ယင်အေဂျင်စီက ဖြည့်စွက်ပြောသည်။

အေဂျင်စီအနေဖြင့် အေဒီးစ်ခြင်များ ပေါက်ဖွားရာ ဒေသများတွင် ဆေးဖျန်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း ဆိုသည်။

ဇီကာပိုးသည် အေဒီးစ်ခြင်တစ်မျိုးမှတစ်ဆင့် ကူးစက်နိုင်ပြီး ကူးစက်သူတွင် ဖျားနာခြင်းဝေဒနာများခံစားရသည်။ ကိုယ်ဝန်သည်ကူးစက်မှုတွင် မွေးဖွားလာသည့်ကလေးများ၌ ဦးနှောက်မူမှန်ခြင်းနှင့် ဦးခေါင်းသေးငယ်ခြင်းများ ဖြစ်ပွားစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags