တစ်သောင်းတန်အတုများ ဘဏ်လာအပ်သူကို မင်းဘူးတွင် ဖမ်းမိ

တစ်သောင်းတန်အတုများ ဘဏ်လာအပ်သူကို မင်းဘူးတွင် ဖမ်းမိ

မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်သို့ တစ်သောင်းတန်အတုများ လာရောက်လွှွဲသူကို မင်းဘူး ရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်တွင် ထိန်းသိမ်းထားလိုက်သည်။

ဘဏ်မန်နေဂျာ ဦးကျော်ခိုင်မှ လူတစ်ဦးသည် ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်းတန်အရွက်(၄၀)အား ငွေလွှဲအပ်မှု ပြုလုပ်နေကြောင်း ဖုန်းဖြင့်အကြောင်းကြားချက် အရ မင်းဘူးမြို့မရဲစခန်းမှူး  ရဲအုပ် ခိုင်လင်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မိုးကျော်ဟိန်းတို့ ပါဝင်သော တပ်ဖွဲ့ဝင်များသွား ရောက်စစ်ဆေးခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ငွေလွှဲသူမှာ မင်းဘူးမြို့နယ်နေ နီဝင်း(ခ)ဖိုးနီဆိုသူဖြစ်ပြီး ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် AOJIALISI စာတမ်းပါ အနက်ရောင် ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူအတုဟုယူ ဆရသော တစ်သောင်းတန် အရွက်(၅၉)ရွက်နှင့်အတူ မောင်နီဝင်း အမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်(၁)ခုတို့အား တွေ့ရှိသိမ်းဆည်းခဲ့သည်။

ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်းတန်အရွက်(၅၉)ရွက်အား ငွေလွှဲအပ်ရန်ပြုလုပ်သူ နီဝင်း(ခ)ဖိုးနီအား အရေးယူပေးရန် ရဲအုပ်မိုးကျော်ဟိန်းမှ တရားလို ပြုတိုင်ကြားခဲ့သောကြောင့် မင်းဘူးမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၇၈၇/၂၀၁၆၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ် ဇင်လင်းထိုက်မှစ စ်ဆေးလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly