ဗင်နီဇွဲလားတွင် ထောင်ပေါင်းများစွာသော အစိုးရ ထောက်ခံသူများနှင့်ဆန့်ကျင်သူများအကြား အပြိုင်အဆိုင် ဆန္ဒပြမှုများ ဖြစ်ပေါ်

ဗင်နီဇွဲလားတွင် ထောင်ပေါင်းများစွာသော အစိုးရ ထောက်ခံသူများနှင့်ဆန့်ကျင်သူများအကြား အပြိုင်အဆိုင် ဆန္ဒပြမှုများ ဖြစ်ပေါ်

စက်တင်ဘာ ၂ ။                         ။  နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများအောက် ကျရောက်နေသော ဗင်နီဇွဲလားနိုင်ငံတွင် လူထောင်ပေါင်းများစွာတို့သည် မြို့တော် ကာရာကက်စ်တွင် စုရုံးချီတက်လာကြပြီး ဆန္ဒပြပွဲများ ပါဝင်ချီတက်ခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အတိုက်အခံအုပ်စု ထောက်ခံအားပေးသူများက နှစ်နှစ်တာအတွင်း အင်အားအများဆုံးအဖြစ် စုဖွဲ့ခဲ့ကြပြီး သမ္မတ နီကိုလပ်စ် မာဒူရို ရာထူးမှ ဆင်းရေး တောင်းဆိုခဲ့ကြသည်။ နိုင်ငံသည် လက်ရှိ စီးပွားရေးအကျပ်အတည်းများအောက် ကျရောက်နေရခြင်းအတွက် သမ္မတတွင် တာဝန်ရှိကြောင်း အတိုက်အခံတို့ဘက်မှ ပြစ်တင်ပြောဆိုခဲ့ကြပြီး  ရွေးကောက်ပွဲကော်မရှင်သည်လည်း ၎င်း၏ ရာထူးသက်တမ်းကို ကြာရှည်စေရန် ဆန္ဒခံယူပွဲကျင်းပပေးရေး အချိန်ဆွဲထားသည်ဟု စွပ်စွဲပြောကြားသွားသည်။

တစ်ချိန်တည်းမှာပင် သမ္မတ မာဒူရိုအား ထောက်ခံသူ ထောင်ပေါင်းများစွာတို့ကလည်း အပြိုင်အဆိုင် ချီတက်ဆန္ဒပြခဲ့ကြပြီး အတိုက်အခံတို့ဘက်မှ နိုင်ငံကို အာဏာသိမ်းရန် ကြံစည်နေသည်ဟု စွပ်စွဲသွားခဲ့သည်။

လက်ရှိအခြေအနေအရ အတိုက်အခံတို့ဘက်တွင် ထောက်ခံသူလူပေါင်းတစ်သန်းခန့်ပင် ရှိမနေကြောင်း အစိုးရဘက်က ပြောကြားလိုက်သည်။

" အတိုက်အခံတွေဘက်က ကျွန်တော်တို့ ပြည်သူတွေကို သွေးထိုးစည်းရုံးပေမယ့် သူတို့မအောင်မြင်ခဲ့ပါဘူး၊ ခုဆိုရင် ပြည်သူတွေက ဒီမှာပဲရောက်နေကြပါပြီ" ဟု ကာရာကက်စ် မြို့လယ်ရှိ စုဝေးပွဲတစ်ခုတွင် သမ္မတမာဒူရိုက ပြောကြားသွားသည်။

သို့သော် အတိုက်အခံတု့ိဘက်ကလည်း ၎င်းတို့ဘက်တွင် မှန်းထားသည့်အတိုင်း ထောက်ခံသူ ပြည်သူ တစ်သန်း ပြည့်ကြောင်း ပြောကြားသွားပြန်သည်။

" ဗင်နီဇွဲလားနိုင်ငံရဲ့ အရေးပေါ်အခြေအနေတွေကို ကမ္ဘာကို ပြသထားပြီးပါပြီ၊ ဒီမှာဘယ်လောက်တောင် ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်နေပြီလဲဆိုတာ ပြောထားနိုင်ခဲ့ပါပြီ" ဟု အတိုက်အခံ ခေါင်းဆောင် ဂျီးဆက် တော်ရီယယ်ဘာက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags