နယူးဇီလန်တွင် ပြင်းအား ရ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး ဆူနာမီဖြစ်ပွား

နယူးဇီလန်တွင် ပြင်းအား ရ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး ဆူနာမီဖြစ်ပွား

ဝယ်လင်တန်၊ စက်တင်ဘာ ၂ ။                  ။ နယူးဇီလန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတွင် စက်တင်ဘာ ၂ ရက် နံနက်အစောပိုင်းက ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အင်အားသေးငယ်သည့် ဆူနာမီတစ်ခု ဖြစ်သွားခဲ့သော်လည်း ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငလျင်ဖြစ်ပွားပြီးနောက် ပြင်းအား ၆ အဆင့်ရှိ ငလျင်များ နာရီအနည်းငယ် လှုပ်ခတ်ခဲ့ရာ ကမ်းရိုးတန်းဒေသတွင်း နေထိုင်သူများသည် ကုန်းမြင့်ပိုင်း အရပ်များသို့ ရှောင်တိမ်းကြရပြီး စင်တီမီတာ ၃၀ အမြင့်ရှိ ဆူနာမီရေလှိုင်းတစ်ခု ဖြစ်ပေါ်ပြီး ၃ နာရီအကြာတွင် နေအိမ်များကို ပြန်သွားနိုင်ခဲ့ကြသည်။

“ဆူနာမီရေလှိုင်းအမြင့်ဆုံးကတော့ စင်တီမီတာ ၃၀ ဖြစ်ပြီး နောက်ရေလှိုင်းလေးတွေကတော့ စင်တီမီတာ ၂၀ လောက်ပဲ ရှိပါတော့တယ်။ ဒီငလျင်ဖြစ်ပွားပြီးနောက်မှာ ပုံမှန်မဟုတ်တဲ့ အင်အားပြင်း     ရေစီးကြောင်းတွေ ကမ်းရိုးတန်းတစ်လျှောက်မှာ ဖြစ်နိုင်လို့ သတိထားဖို့ လိုပါမယ်” ဟု အရပ်ဖက် ကာကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

နယူးဇီလန်တွင် ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိသောကြောင့် အရေးပေါ်အခြေအနေများတွင် အန္တရာယ်ကင်းစွာ ရှောင်တိမ်းနိုင်အောင် အရပ်ဖက်ကာကွယ်ရေးအဖွဲ့အစည်းက ကမ်းရိုးတန်း   ဒေသခံများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်မှုများကို ပုံမှန်လုပ်ဆောင်ပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags